ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 13, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် ဇွန်လ ၁၃ ရက်နေ့ စတင်

ds13

အမျိုးသာ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်နေ့ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းလေကြောင်းလိုင်း (TG) ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံမှ တစ်ဆင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO)ညီလာခံတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ ထို့နောက် ဇွန်လ ၁၅ ရက်နေ့တွင် နော်ဝေနိုင်ငံ အော်စလိုမြို့သို့ သွားရောက်ကာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကိုယ်တိုင်လက်ခံ ရယူမည် ဖြစ်သည်။ ဇွန်လ ၁၈ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ယူတူး (U2) တေးဂီတအဖွဲ့ ဖျော်ဖြေပွဲသို့ တက်ရောက်မည် ဖြစ်သည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က ချီးမြင့်သော Ambassador of Conscience ဆုကို လက်ခံရယူမည်ဖြစ်သည်။ ထို့နောက် ဇွန်လ ၁၈ ရက်နေ့ညတွင် ဗြိတိန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့အထိ နေထိုင်မည် ဖြစ်ကာ ဗြိတိန်နိုင်ငံ အထက်လွှတ်တော်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၄င်း၏ အသက် ၆၇ ပြည့် မွေးနေ့ကိုလည်း ဗြိတိန်နိုင်ငံတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဇွန်လ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ပြင်သစ်နိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည် ထွက်ခွာလာမည် ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်မှာ ၄င်းနိုင်ငံများ၏ အစိုရများမှ ဖိတ်ကြားချက်အရ သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦဇေယျာသော်၊ ဦးခွန်သာမြင့်၊ ဒေါ်တင်မာမြင့်နှင့် ဒေါ်နေခြည်မြင့်ဝင်း တို့ လိုက်ပါသွားကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဥရောပခရီးထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၁၃ ရက်နေ့ တွင် တွေ့ရစဉ်
အမျိုးသာ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်နေ့ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းလေကြောင်းလိုင်း (TG) ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံမှ တစ်ဆင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO)ညီလာခံတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ ထို့နောက် ဇွန်လ ၁၅ ရက်နေ့တွင် နော်ဝေနိုင်ငံ အော်စလိုမြို့သို့ သွားရောက်ကာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကိုယ်တိုင်လက်ခံ ရယူမည် ဖြစ်သည်။ ဇွန်လ ၁၈ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ယူတူး (U2) တေးဂီတအဖွဲ့ ဖျော်ဖြေပွဲသို့ တက်ရောက်မည် ဖြစ်သည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က ချီးမြင့်သော Ambassador of Conscience ဆုကို လက်ခံရယူမည်ဖြစ်သည်။ ထို့နောက် ဇွန်လ ၁၈ ရက်နေ့ညတွင် ဗြိတိန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့အထိ နေထိုင်မည် ဖြစ်ကာ ဗြိတိန်နိုင်ငံ အထက်လွှတ်တော်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၄င်း၏ အသက် ၆၇ ပြည့် မွေးနေ့ကိုလည်း ဗြိတိန်နိုင်ငံတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဇွန်လ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ပြင်သစ်နိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည် ထွက်ခွာလာမည် ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်မှာ ၄င်းနိုင်ငံများ၏ အစိုရများမှ ဖိတ်ကြားချက်အရ သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦဇေယျာသော်၊ ဦးခွန်သာမြင့်၊ ဒေါ်တင်မာမြင့်နှင့် ဦးနေခြည်ဝင်း တို့ လိုက်ပါသွားကြကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com