ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 13, 2012

အောင်မြင်သော တေးသီချင်းများ၏ နောက်ကွယ်က

e5111
လူတိုင်းမှာ အိမ်ဆိုတာ ရှိကြပါတယ်။ တွယ်တာစရာ၊ နားခိုစရာ ကိုယ့်အတွက် အေးချမ်းပြီး အရိပ် အာဝါသပေးတဲ့အိမ်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာခဲ့ရတဲ့သူတွေ၊ ခွဲခွာနေရတဲ့ အဖြစ်အပျက်တွေက လည်း လောကကြီးမှာ ဒုနဲ့ဒေးပါပဲ။ ဒါကြောင့်လည်းပဲ ဂီတရေစီးကြောင်းများထဲမှာ အိမ်ကိုလွမ်းတရတဲ့ တေးသီချင်းများစွာဟာလည်း ခေတ်အဆက်ဆက်လိုက်ပါ စီးမျောပါဝင်လို့နေခဲ့ပြီး ပရိသတ် လက်ခံခဲ့တဲ့ သီချင်းတွေဖြစ်လို့နေပါတယ်။
အဲဒီလို အိမ်ကိုတမ်းတတဲ့ သီ ချင်းများစွာထဲက အခုတစ်ပတ်မှာ ပရိသတ်ကို တင်ဆက်ပေးဖို့ ရွေး ချယ်လို့ထားတဲ့ သီချင်းကတော့ Wanted တေးဂီတအဖွဲ့က တေးဆိုဖော်ကာရဲ့ ငါ့ဂီတ၊ ငါ့ဗီဇ စီးရီး ထဲမှာ တေးရေးဦးရှည်ကြီး ရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းရဲ့နာမည်ကတော့ ‘အိမ်ပြေး’ ဖြစ်ပြီး ဒီဘက်ခေတ် လတ်တလော အိမ်လွမ်းဝေဒနာကို ခံစားရမိစေတဲ့ လူငယ်ဆန်ဆန် ရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ပါ။
ဒီသီချင်းကို တေးရေး ဦးရှည်ကြီးက ၁၉၉၈-၉၉ခုနှစ်ဝန်းကျင်မှာ ရေးဖွဲ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီသီချင်းမှာအိမ်ရဲ့အဝေးမှာ ရုန်းကန်နေရတဲ့ လူငယ်တစ်ယောက် ရဲ့ဘ၀နဲ့ အိမ်ကိုပြန်ချင်ပေမယ့်လို့ မပြန်ရဲခဲ့တဲ့ အိမ်လွမ်းမှုကို တေးသီချင်းအဖြစ် ရေးဖွဲ့ထားခဲ့တာဖြစ်ပြီး အိမ်နဲ့အဝေးရောက်နေတဲ့ ပရိသတ်တွေ လက်ခံအားပေးမှုရရှိခဲ့တဲ့ သီချင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်။
“ကျွန်တော်က သီချင်းရေးခဲတယ်။ ဒီသီချင်းကို ရေးမယ်ဆိုပြီး တော့ ဂစ်တာတစ်လက်နဲ့ ထိုင်လိုက် တော့လည်း သံစဉ်တွေ၊ စာသားတွေ  ဘာမှကြိုတင်မစဉ်းစားဘဲနဲ့ တစ်ပုဒ်လုံးအပြီး စိတ်ပါလက်ပါနဲ့ရေးဖြစ်သွားတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး အမှတ်တရကတော့ အဲဒီသီချင်းရေးတုန်းက အိမ်မှာနေရင်း ရေးဖြစ်ခဲ့တာ ဆိုတော့ ဘာမှ အထူးတလည် ခံစားချက်မရှိခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာ အိမ်နဲ့ဝေးနေတဲ့ အချိန်ဖြစ်နေတော့ အဲဒီသီချင်းကိုကြားတိုင်း အိမ်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်လွမ်း နေမိတယ်”လို့ ‘အိမ်ပြေး’ သီချင်းကို ဖန်တီးရေးဖွဲ့ခဲ့သူ တေးရေးဆရာ ဦးရှည်ကြီးက သီချင်းရေးစဉ်က အမှတ်တရဖြစ်ရပ်များနဲ့ ပတ်သက်ပြီး ပြော ပြခဲ့ပါတယ်။
ဒီသီချင်းကို ဖော်ကာရဲ့ ‘ငါ့ဂီတ ငါ့ဗီဇ’ တေးစီးရီးမှာမပါခင် Recording  တွေ လုပ်ခဲ့ဖူးပေမယ့် ဘယ်အခွေမှာမှ မပါဖြစ်ခဲ့ဘဲ ဖော်ကာနဲ့တွေ့ရှိ ချိန်ကျမှသာ စီးရီးမှာထည့်သွင်း ဖြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီမှာ နယ်မြို့လေး တစ်မြို့ကနေ ရောက်ရှိလာ တာဖြစ်တဲ့ ဖော်ကာက  ခံစားချက် နဲ့တိုက်ဆိုင်အောင် မူရင်းစာသား ဖြစ်တဲ့ ‘အိမ်အိုလေးပဲ ငါလွမ်းတယ်’ အစား ‘နယ်မြို့လေးပဲငါလွမ်းတယ်’ လို့ ပြင်ဆင်သီဆိုခဲ့တယ်လို့ သိရပါတယ်။
"ဒီသီချင်းလေးက ကျွန်တော်ရဲ့ အခွေမထွက်ခင်ကတည်းက အိမ်မှာ ဂစ်တာတီးပြီးဆိုနေခဲ့တဲ့ သီချင်း လေးတစ်ပုဒ်ပါ။ ဒီသီချင်းက ပေါ် ပင်သီချင်း၊အချစ်သီချင်းမျိုးမဟုတ် ဘဲ ကျွန်တော်တို့ရဲ့ခံစားချက်နဲ့ တိုက်ဆိုင်ပြီး ဖြစ်လာတဲ့သီချင်းပါ။ အခုနောက်ပိုင်း ဒီသီချင်းက ပရိ သတ်အကြိုက်နဲ့လည်း ကိုက်ညီ သွားတဲ့အတွက် ကျေနပ်ပါတယ်။ အိမ်နဲ့ဝေးနေရလို့ အိမ်ကိုလွမ်းတဲ့ အခါတိုင်းမှာ ဒီသီချင်းကို ပြန်ပြီး နားထောင်ကြတယ်လို့ ပရိသတ် တွေဆီကအသံပြန်ကြားရပါတယ်" လို့ တေးဆိုဖော်ကာက ပြောပြခဲ့ပါ တယ်။
ဒီသီချင်းလေးက မိမိတို့နေထိုင်ရာအိမ်ရဲ့ အဝေးတစ်နေရာမှာ လောကဓံတရားရဲ့ အရိုက်အပုတ် တွေအောက်မှာ နိမ့်တစ်ခါ၊ မြင့်တစ် လှည့်နဲ့ ဖြတ်သန်းနေကြရတဲ့ ပရိ သတ်တွေအတွက်စိတ်ထွက်ပေါက် တစ်ခုအဖြစ်ဖြေသိမ့်ရာ သီချင်း လေးတစ်ပုဒ် ဖြစ်နေစေမယ်လို့ ရည်ရွယ်ရင်း . . . ။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com