ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 6, 2012

 အခြားနိုင်ငံအပေါ် မှီခိုရခြင်းကို မကြိုက်ဟု ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြား


ဇွန်လ ၆ ရက်နေ့ ညနေပိုင်းတွင် သြစတြေးလျနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Bob Carr နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့စဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခြားနိုင်ငံများအပေါ် မှီခိုရခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က သူမ၏ နေအိမ်သို့ လာရောက်တွေ့ဆုံအပြီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

''ကျွန်မသဘောပြောရရင် မှီခိုမှုရှိတာကို မကြိုက်ပါဘူး။ စီးပွားရေး ပိတ်ဆို့မှုတွေက နိုင်ငံရေးအရ သက်ရောက်မှုရှိတယ်ဆိုပေမယ့် ဒီနိုင်ငံ တကယ်ပြောင်းလဲဖို့က စီးပွားရေး ပိတ်ဆို့မှုသာမက ကျန်တဲ့ဘယ်ကိစ္စအပေါ်မှာမှ မူတည်နေခြင်းမရှိပါဘူး။ ကျွန်မတို့ နိုင်ငံသားတွေအပေါ်မှာပဲ မူတည်နေပါတယ်''ဟု သူမကပြောကြားခဲ့သည်။

သူမနှင့် မစ္စတာ Bob Carr တို့က  စီးပွားရေးပိတ်ဆို့မှုများအကြောင်းလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

''ကျွန်မအမြင်အရတော့ စီးပွားရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းတာထက် ရွှေ့ဆိုင်းထားတာကို ပိုပြီးသဘောကျပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီနိုင်ငံရဲ့ ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြန်လည်ပေးဆပ်တဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ရွှေ့ဆိုင်းလိုက်တာပါ။ ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုကို မထိန်းသိမ်းနိုင်ရင် ပြန်လည်ပေးဆပ်မှုဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr သည် ဇွန် လ ၅ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး အစိုးရနှင့် အတိုက်အခံပါတီတို့မှ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် သြစတြေးလျနိုင်ငံ၏ ပါဝင်မှုကို လမ်း ညွှန်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ၄င်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မြန်မာ့ပညာရေးနှင့်ပတ်သတ်၍ ဆွေးနွေးရာတွင်  အသက်မွေးမှုပညာရပ်များ သင်ကြားပေးနိုင်ရေး၊ သင်ရိုးများ၏ အရည်အသွေးနှင့် ပညာရေး၏ အရည်အသွေးမြှင့်တင်ရေး လူမှုအသိုင်းအ၀န်းအတွင်းရှိ လူတိုင်းစေ့ လက်လှမ်းမီနိုင်သည့် ပညာရေးရရှိ စေရေးကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

သြစတြေးလျနိုင်ငံသည် မြန်မာနိုင်ငံမှ စီးပွားရေး ပိတ်ဆို့ထားသူစာရင်းကို ၃၉၂ ဦးမှ ၁၂၆  ဦးသို့ လျော့ချပေးခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ ကူညီမည့် ငွေကြေးကို ၃၀ ရာခိုင်နှုန်း (၆၃.၈ သန်း)အထိ တိုးမြှင့်ပေးသွားမည်ဟု သိရသည်။ မစ္စတာ Bob Carr သည် မြန်မာ နိုင်ငံသို့ ရောက်ရှိအပြီးတွင် ရန်ကုန်မြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းသွားရန် ရန်ပုံငွေ ပေးအပ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com