ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 6, 2012

ဦးသူရ (ဇာဂနာ)၏ ( ၆ )ကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ် မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံသို့ထွက်ခွာ

e5104
ဦးသူရ(ဇာဂနာ)သည် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် (၆)ကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ် မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ယခု ခရီးစဉ်သည် ထိုင်းနိုင်ငံမှတစ်ဆင့် ဗြိတိန်နှင့် ဥရောပ နိုင်ငံအချို့သို့ သွားရောက်မည်ဟု သိရပြီး ခရီးစဉ်ကာလမှာ တစ်လခန့် ကြာနိုင်ကြောင်းလည်း သိရသည်။
ဦးသူရ(ဇာဂနာ)သည် ထောင်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးပြည်ပခရီးစဉ် အဖြစ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်ခဲ့သည်။ ထို့နောက် ၂၀၁၂ မတ်တွင် အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့သို့လည်း ထပ်မံသွားရောက်ခဲ့သည်။
‘မြန်မာသင်္ကြန်အငြိမ့်ပွဲ’ ဖျော် ဖြေရေးခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် စင်ကာပူ နိုင်ငံသို့ မေတ္တာ၊ ကင်းကောင်၊ ငှက်ပျောကြော်၊ အရိုင်း၊ ဗေဒါ၊ မင်းသမီး ချောအိငြိမ်းတို့နှင့်အတူ သွားရောက် ဖျော်ဖြေခဲ့သည်။
e5104a
အင်္ဂလန်နိုင်ငံရှိ ၀င်ဘလေကွင်းတွင် ကျင်းပသည့် အင်္ဂလန်နှင့် ဘယ်လ်ဂျီယံတို့၏
ချစ်ကြည်ရေးခြေစမ်းပွဲစဉ်ကို ကြည့်ရှုနေသည့် ဦးသူရ(ဇာဂနာ)
ထို့ပြင် ပြီးခဲ့သည့် မေလ ၁၀ နေ့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အကြောင်း မှတ်တမ်းရိုက်ကူးရန် အတွက် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငကျေးရွာသို့ ၎င်း၏စတုတ္ထမြောက် ပြည်ပခရီးစဉ်အဖြစ် သွားရောက်ထား သည်။ထို့ပြင်မေလအတွင်း ကလည်း စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည်။
၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ တွင် ဦးသူရ(ဇာဂနာ)၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်မြောက် ပြီးနောက် (၆) ကြိမ်မြောက်ပြည်ပ ခရီးစဉ်အဖြစ် ထပ်မံသွားရောက်ခဲ့ ခြင်းဖြစ်သည်။
၎င်းင်းနည်းတူ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြသည့်  ၈၈ မျိုးဆက် ကျောင်းသားများအားလုံးသည်လည်း နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လက်ရှိအချိန်အထိ မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ပတ်စ်ပို့ထုတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်အား ကနေဒါနိုင်ငံမှဖိတ်ကြားခဲ့ပြီး အခြား ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကိုလည်း အင်္ဂလန်၊ ပြင်သစ်၊ နော်ဝေ၊ စင်ကာပူ၊ သြစတေးလျနှင့် ထိုင်းနိုင်ငံများမှဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့သော်လည်း ပတ်စ်ပို့မရရှိသေးသောကြောင့် သွားရောက်ရခြင်း မရှိသေးကြောင်း သိရသည်။ အလားတူ နိုင်ငံရေးပုဒ်မဖြင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး  လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သော ကိုဇော်သက် ထွေးမှာ ပတ်စ်ပို့လျှောက်ထားမှု အတွက် စလစ်ရရှိထားသော်လည်း တစ်လကျော်ကြာသည်အထိ ပတ်စပို့ မရရှိသေးကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com