ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Friday, June 22, 2012

 မဲခေါင်ဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံက လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုတွင် အမြင့်ဆုံးဖြစ်၊ ယခုနှစ်အတွက် လူကုန်ကူးမှု စောင့်ကြည့်ရမည့် အဆိုးဆုံးအဆင့်မှ မြန်မာနိုင်ငံကို အမေရိကန်အစိုးရက လျော့ချလိုက်ကြောင်းသိရ


မဲခေါင်ဒေသနိုင်ငံများအနက် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုတွင် အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက အားအနည်းဆုံးနိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ သည်။

အမေရိကန်အစိုးရက ယခုလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ သော Trafficking in Persons Report-2012 တွင် မြန်မာနိုင်ငံကို  လူကုန်ကူးမှုအတွက် စောင့်ကြည့် ရမည့် Tier 3 အဆင့်ရှိသည့်နိုင်ငံ အဖြစ်မှ  Tier 2  အဆင့်သို့ လျော့ချပေးခဲ့သည်။

မြန်မာနိုင်ငံ အစိုးရသည် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် လုပ်ဆောင်ရမည့် အနိမ့်ဆုံးစံနှုန်းများကိုပင် မမီသေးသော်လည်း ထင်ရှားသည့် ကြိုးပမ်းမှုများရှိကြောင်း အမေရိကန်အစိုးရမှ ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရအနေနှင့် အဓမ္မစေခိုင်းမှုနှင့် ကလေးစစ်သားကိစ္စများကို ဖြေရှင်းရန် မမျှော်မှန်း နိုင်လောက်သည့် ခြေလှမ်းများကို စတင်ခဲ့ပြီး ယင်းခြေလှမ်းများသည် လာမည့်နှစ်များတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပြုပြင်ပြောင်းလဲသွားမည်ဟု ယုံကြည်နိုင်လောက်သည့် ခြေလှမ်းများဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

"ဒီနှစ်အစီရင်ခံစာက ကျွန်မတို့အတွက် တိုးတက်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၂၉ နိုင်ငံဟာ အဆင့်နိမ့်ရာကနေ မြင့်လာခဲ့ပါတယ်။ ဆိုလိုတာကတော့ အဲဒီနိုင်ငံတွေရဲ့ အစိုးရတွေဟာ မှန်ကန်တဲ့ခြေလှမ်းစခဲ့ ကြလို့ပါပဲ။ အဲဒီနိုင်ငံအစိုးရတွေဟာ ဥပဒေတွေကို ခိုင်မာအောင် ပြုလုပ်ကျင့်သုံးတာ၊ သူတို့လုပ် ဆောင်ရမယ့် လမ်းပြမြေပုံကိုချမှတ်တာ၊ ပြည့်တန်ဆာပြုခံရမှုတွေကို စုံစမ်းမှုအရှိန်မြှင့်တင်တာတွေ လုပ်ဆောင်ခဲ့လို့ဖြစ်ပါတယ်" ဟု အဆိုပါအစီရင်ခံစာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မှတ်ချက်ပြုပြော ကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လူကုန်ကူးမှုအတွက် စောင့်ကြည့်ရသည့် နိုင်ငံစာရင်းတွင်  Tier 3 အဆင့်မှ တက်လာခြင်းမရှိပဲ ယခု ၂၀၁၂ ခုနှစ်ရောက်မှ  Tier 2  အဆင့်သို့ တက်လာနိုင်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ ၅ နှစ် စီမံကိန်းကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး လူကုန်ကူးမှုကို ၂၄ နာရီ တိုင်ကြားနိုင်သည့် အရေးပေါ်ဖုန်း နံပါတ်များကိုလည်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်အမီ အဓမ္မ စေခိုင်းမှု ပပျောက်ရေးလုပ်ဆောင်ရန် နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း ILO နှင့် အလုပ်သမားဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမြင့်သိန်းတို့ပြီးခဲ့သည့် မေလအတွင်းက လတ်မှတ်ရေးထိုးခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com