ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 6, 2012

 အသစ်ဖွင့်လှစ်မည့် ကုတင် ၅၀၀ ဆံ့ဆေးရုံတွင် မြန်မာနိုင်ငံ၌ ပထမဆုံးသော အရိုးအကြောအဆစ် ဆေးပညာဌာနကို ထည့်သွင်းပြီး အတွင်းလူနာများ လက်ခံကုသသွားမည်



5107
အသစ်ဖွင့်လှစ်မည့် ကုတင် ၅၀၀ ဆံ့ ဆေးရုံအား ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပထမဆုံးသော အရိုးအကြောအဆစ် ဆေးပညာဌာနကို အသစ်ဖွင့်လှစ်မည့် ကုတင် ၅၀၀ ဆံ့ဆေးရုံတွင် ထည့်သွင်းပြီး အရိုး အကြောအဆစ် ဝေဒနာရှင်များအား အတွင်းလူနာများအဖြစ် လက်ခံကုသ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ စွမ်းအင်ဝန်ကြီးဌာန (ရန်ကုန်ရုံး) အဆောက်အအုံကို ၂၀၁၁ ခုနှစ် အတွင်းက ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးထားပြီး ကုတင် ၅၀၀ ဆံ့ ဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
“အခု အသစ်ဖွင့်မယ့် ကုတင် ၅၀၀ ဆံ့ဆေးရုံမှာ မြန်မာနိုင်ငံမှာ မရှိသေးတဲ့ အရိုးအကြောအဆစ် ဆေးပညာဌာနကို ထည့်သွင်းဖွင့်လှစ်သွားမယ်။ အရင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာရှိတာက အရိုးအကြော အဆစ် ဆေးပညာယူနစ်ပဲ ရှိတယ်။ အခုဖွင့်မယ့်ဌာနက  အရင်အရိုး အကြောအဆစ်ဆေးပညာယူနစ်နဲ့ အထွေထွေ ကုသဆောင်နဲ့ ပေါင်းပြီးဖွင့်မှာပါ။ အခုလာမယ့် ဆေးရုံမှာအရိုး အကြောအဆစ် လူနာတွေကိုပဲ သီးသန့်ထားမှာ ဖြစ်တယ်။ အရိုးအကြော အဆစ်ဆေးပညာဌာန တစ်ခုအနေနဲ့ အသစ်ဖွင့်ပြီးတော့ လူနာတွေကို အတွင်းလူနာအဖြစ် လက်ခံကုသပေး သွားမှာဖြစ်ပြီး နောက်ပိုင်း ပြင်ပလူနာအဖြစ်လည်း ကြည့်ပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရိုးအကြော အဆစ် ဆေးပညာယူနစ်မှ တာဝန်ရှိ သူတစ်ဦးက ပြောပြခဲ့ပါသည်။
ယင်းဆေးရုံတွင် အရိုးအကြော အဆစ်ဆေးပညာဌာန အပါအ၀င်ဆီး နှင့် ကျောက်ကပ်၊ အစာအိမ်၊ အသည်းနှင့် ရင်ခေါင်းဆိုင်ရာ ခွဲစိတ်ရေးနှင့် ကုသရေး အထူးကုဌာနများ၊ ကင်ဆာ ဆေးကုသဌာနများ စသည်တို့ပါဝင်မည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဆေးရုံ စတင်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အရိုးအကြော အဆစ် ဆေးပညာဌာနဖွင့်လှစ်ခြင်းနှင့် အတူ မြန်မာနိုင်ငံတွင် အရိုးအကြောအဆစ် နှင့် ဆက်စပ်သည့် သမားတော်များ ပေါ်ပေါက်လာနိုင်ရန် ရည်ရွယ်၍ ဘွဲ့လွန်သင်တန်းများ ပို့ချပေးလျက်ရှိ ပြီးပြည်ပနိုင်ငံများသို့ ပညာတော်သင် စေလွှတ်သွားရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com