ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 6, 2012

မရမ်းကုန်းမြို့နယ်တွင် ဥက္ကာလမ်းဆုံအနီး ဆေးရုံယာဉ်တစ်စီး တိမ်းမှောက်ကာ လူနာတစ်ဦးနှင့် အခြားသူတစ်ဦး ဒဏ်ရာရ



5108
မေလ ၃၁ ရက်နေ့က ဆေးရုံယာဉ် တိမ်းမှောက်မှုကို တွေ့ရစဉ်
မရမ်းကုန်းမြို့နယ် ဥက္ကာလမ်းဆုံအနီးတွင် ကိုယ်ပိုင်ယာဉ်တစ်စီးမှ မျက်နှာချင်းဆိုင် မောင်းနှင်လာသော ပဲခူးမြို့ဆေးရုံပိုင် ယာဉ်အားဝင်ရောက် တိုက်မိသဖြင့် ဆေးရုံယာဉ်တိမ်းမှောက်ကာ ဆေးရုံယာဉ်ပေါ်ပါ လူနာတစ်ဦးနှင့် အခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မရမ်းကုန်း မြို့နယ် ပြည်လမ်းအတိုင်း ရှစ်မိုင် ဘက်မှလေဆိပ်ဘက်သို့ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ၈စ/ ၂၁၆၈ လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်သည် ဥက္ကာလမ်းဆုံအနီး အရောက်ဝဲဘက်သို့ ‘ဂ’ ကွေ့ ချိုးကွေ့မောင်းစဉ်မျက်နှာချင်းဆိုင် မှယာဉ်မောင်း ဦးဝင်းလှိုင် (၄၇နှစ်) ပဲခူးမြို့နေသူ မောင်းနှင်လာသည့် ၁က/ ၆၅၄၄ ဟိုက်အေ့စ် အဖြူရောင် ပဲခူးမြို့ဆေးရုံပိုင်ယာဉ်အား တိုက်မိပြီးထွက်ပြေးသွားကြောင်း သိရသည်။
၁က/--ယာဉ်မှာယာဘက် သို့ တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ သန်းမင်းနိုင် (၂၄ နှစ်) (လူနာ)၊ မထွေးထွေးငယ် (၁၁ နှစ်)  ပဲခူး တိုင်းဒေသကြီးနေသူတို့မှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းအပေါ် အရေးယူပေးရန် ဒုရဲအုပ်မြင့်ကျော်ဦး (ယာဉ်မှုစစ်)မှ တရားလိုပြုတိုင်တန်းမှုအား မရမ်းကုန်းရဲစခန်း (ပ)၂၉၉/၂၀၁၂ပုဒ်မ ၃၃၈/၂၇၉/၂၀၂ဖြင့်  အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com