ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 20, 2012

ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား(ပါရမီ)အား လာမည့် ဇူလိုင်လကုန်တွင် အပြီး တည်ဆောက်သွားမည်

တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့ကို ဆက်သွယ်မည့် ဘေလီတံတားအသစ် တစ်စင်းဖြစ်သော ငမိုးရိပ်တံတား (ပါရမီ) အား တည်ဆောက်လျက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်ဇူလိုင်လကုန်တွင် အပြီးသတ်သွားရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလမ်းနှင့် တံတားဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ရ သိရှိရသည်။

ငမိုးရိပ်တံတား(ပါရမီ)တွင် ယခုအခါ သံပေါင်များ တပ်ဆင်ခဲ့ပြီးဖြစ်ပြီး ကွန်ကရစ်လောင်းခြင်း၊ ကြမ်းခင်းလောင်းခြင်းများ၊ နှစ်ဖက်ချဉ်း ကပ်လမ်းလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ လုပ်ငန်းတစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ငမိုးရိပ်တံတား(ပါရမီ)ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အောက်တိုဘာလတွင် ပန္နက်တင်အခမ်းအနား ပြုလုပ်ကာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက်နေ့မှစ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တံတားမှာ အရှည်ပေ ၆၀၀၊ ယာဉ် သွားလမ်းအကျယ် ၂၈ ပေနှင့် လူသွားလမ်းအကျယ်မှာ တစ်ဖက်လျှင် ခြောက်ပေ အကျယ်အ၀န်း ရှိမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com