ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 20, 2012

စစ်ကျန်ဘတ်စ် ယာဉ်လိုင်းများနေရာ၌ အစားထိုး ပြေးဆွဲရန်စီစဉ်နေသည့် အထူးယာဉ်လိုင်းသစ်များ CNG ၀ယ်ယူခွင့် ရရှိပြီဖြစ်၍ ဇွန်လနှောင်းပိုင်းမှ စတင်ပြေးဆွဲသွားမည်

မထသ(မြို့တွင်း)ရှိ စစ်ကျန်ဘတ်စ် ယာဉ်လိုင်းများနေရာ၌ အစားထိုးပြေးဆွဲရန် စီစဉ်နေသည့် အထူးယာဉ်လိုင်းသစ်များ CNG ၀ယ်ယူခွင့် ရရှိပြီဖြစ်၍ ဇွန်လနှောင်းပိုင်းမှ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အထူးယာဉ်လိုင်းသစ်များ ပြေးဆွဲနိုင်ရန် စီစဉ်မှုကိုပြီးခဲ့သည့်  ဧပြီလဆန်းပိုင်းကတည်းက စတင်စီစဉ်နေခြင်းဖြစ်ပြီး စစ်ကျန်ဘတ်စ်ယာဉ်လိုင်းများဖြစ်သည့် မထသ ၃၁ နှင့် မထသ ၄၁ တို့နေရာ၌ အစားထိုး ပြေးဆွဲရန် စတင်စီစဉ်ခြင်းဖြစ်သည်။ သို့ရာတွင် CNG ၀ယ်ယူခွင့် စာအုပ်မှာ ယင်းအချိန်က မရရှိသေးသဖြင့် ယာဉ်လိုင်းများပြေးဆွဲရန် ကြန့်ကြာမှုများရှိခဲ့ကာ ဇွန်လဆန်းပိုင်းရောက်မှသာ CNG ၀ယ်ယူခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စစ်ကျန်ဘတ်စ်ယာဉ်လိုင်းများဖြစ်သည့် ၃၁ ယာဉ်လိုင်းနေရာ၌ မထသအထူး ၃၁ နှင့် ၄၁ ယာဉ်လိုင်း နေရာတွင် မထသအထူး ၅၇ ယာဉ် လိုင်းတို့ကို ဇွန်လနှောင်းပိုင်းမှစတင်ကာ ပြေးဆွဲပေးနိုင်မည်ဖြစ်သည်။ ၃၁ အထူးယာဉ်လိုင်း၌ ယာဉ်စီးရေ ၁၆ စီး နှင့် ၅၇ အထူးယာဉ်လိုင်းတို့တွင် ယာဉ်စီးရေ ၁၄ စီးတို့ ပြေးဆွဲမည်ဖြစ်သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com