ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, June 19, 2012

မြန်မာနိုင်ငံ ဒေသအချို့၌ မိုးစပါးစိုက်ပျိုးရန် လုံလောက်သည့် မိုးရေချိန် မရရှိသေး

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မိုးစပါး စိုက်ခင်းတစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံအတွင်း ဒေသအချို့၌ မိုးစပါးစိုက်ပျိုးရန် လုံလောက်သည့် မိုးရေချိန် မရရှိသေးကြောင်း မြန်မာ့စိုက်ပျိုးရေး ဦးစီးဌာနနှင့် လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံ၌ မိုးစပါးစိုက်ပျိုး ရန်ပြန်ဆင်ချိန် မေလလယ်ဝန်းကျင် မှ မျိုးကြဲချိန်၊ ပျိုးထောင်ချိန် ဇွန်လ ကုန်အထိ စပါးစိုက်ပျိုးရန် လုံလောက် သည့်မိုးရေချိန်ပမာဏကို မရရှိခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင်လည်း မိုးရေချိန်အနေအထားအား စောင့်ကြည့်လျက်ပင်ရှိနေကြောင်း သိရှိရ သည်။
မိုးရေချိန်ရရှိမှု လျော့နည်းသည့် ဒေသများတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေများ အပါအ၀င် စပါးအများဆုံး စိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးလည်း ပါဝင်ကြောင်းနှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့၌မူ မိုးရေချိန်ရရှိမှု လုံလောက်ကြောင်း မြန်မာ့စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
'' ကျွန်တော်တို့ဘက်တော့ ရေရတာ မလုံလောက်သေးဘူး။ အခု ပျိုးကြဲချိန်ကျော်တာ ပျိုးမကြဲရသေးဘူး။ ပုံမှန် ဒီအချိန်ဆို စိုက်ပျိုးလုပ်ငန်း သိမ်းပြီ။ အခု မစရသေးဘူး။ ရွာဘက်မှာ ရေနိမ့်ပိုင်းတချို့တော့ ရေစပ်စပ်နဲ့ ပျိုးကြဲထားကြတယ်။ ဧက ၂၄၀၀ ကျော်မှာ ဧက ၁၀၀ ၀န်းကျင် လောက်ပဲ စိုက်ရေးပျိုးရေး လုပ်နိုင်သေးတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်မှ လယ်သမား ကိုစိုးလွင်ဦးက ပြောပြခဲ့သည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် စိုင်ဒူးရပ်မှ တောင်သူတစ်ဦးကမူ ''ဒီဘက်တော့ မိုးအခြေအ နေသိပ်မဆိုးပါဘူး။ ဒီနောက်ပိုင်း ၅ ရက်ဆက်တိုက် မိုးရွာလိုက်လို့ ၃၀ ရာခိုင်နှုန်းလောက်တော့ ပျိုးကြဲနိုင်ကြပြီ။ မစိုက်သေးသူလည်း ရေထိန်းထားကြတယ်။ ဒီရက်ပိုင်း ရွာတဲ့မိုးကြောင့် အဆင်ပြေသွားတယ်''ဟု ပြောကြားခဲ့သည်။
''မိုးကဆက်တိုက်ရွာတယ်။ ဒါပေမယ့် မြက်ပေါက်မိုးလောက် နည်းနည်းပဲ ရွာနေခဲ့တာ။ ၁၇ ရက်နေ့ကမှ မိုးကြီးရွာလို့ ပျိုးခင်းတွေအမီ ထွက်လုပ်ရတယ်။ အစောပိုင်းတော့ ရတဲ့မိုးနဲ့ အခြောက်ကြဲထားတာ တချို့အခင်းမှာ စပါးတစ်တောင်လောက်တော့ ထွက်နေကြပြီ''ဟု ဧရာဝတီ တိုင်းဒေသကြီး ကျောင်းစုအုပ်စု နှဲကုန်းကျေးရွာမှ လယ်သမားကြီးဦးသိန်းအောင်က ပြောပြခဲ့ပါသည်။
မေလနှင့် ဇွန်လအတွင်း မိုးရေချိန်ရရှိမှု ပုံမှန်အတွင်းသာရှိခဲ့သော်လည်း ဇွန်လလယ်ပိုင်းတွင်တွင် မိုးရွာသွန်းမှု ပိုမိုကောင်းလာကြောင်း လက်ရှိရွာသွန်းမှု နှုန်းထားများအတိုင်းသာ မိုးရေချိန် ဆက်လက်ရရှိပါက မိုးစပါးစိုက်ပျိုးမှုကို အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း သိရှိရသည်။
'' မိုးရေချိန်က ဇွန်လ ၁၅ ရက်ထိရတာ ၁၅.၄ လက်မ ရှိတယ်။ ပျမ်းမျှ ၁၀ နှစ်တာအတွင်း ဇွန် ၁၅ ၀န်းကျင် ရရှိတဲ့ မိုးရေချိန်က ၃၂ လက်မ ဖြစ်ပါတယ်။ ပုံမှန်ရွာတာထက် ၅၀ ရာခိုင်နှုန်းပဲ မိုးရွာနေသေးတယ်။ ဒါပေမယ့် စပါးက မိုးရေချိန် လက်မ ၄၀ ရှိရင် စိုက်ပျိုးလို့ ရတဲ့အတွက် လက်ရှိ အခြေအနေက စပါးစိုက်ဖို့ ပုံမှန်ချိန်ထက် မိုးရွာသွန်းမှု နောက်ကြတာပဲရှိမယ်။ စိုက်ရေးပျိုးရေးအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်သေးပါဘူး။ စောင့်ကြည့်ရပါဦးမယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com