၁၉၈၈ ခုနှစ်မှ ၂၀၁၀- ၂၀၁၁ ခုနှစ်အထိ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အပါအ၀င် နိုင်ငံတော်၏ ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၂ သန်း ၈ သောင်းကျော်နှင့် နိုင်ငံခြားချေးငွေဖြင့် ဆောင်ရွက်သည့် ရေအားလျှပ်စစ် စီမံကိန်းလေးခုအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီ လျံကျော် သုံးစွဲခဲ့ပြီး လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းက ပြောကြားခဲ့သော နိုင်ငံတော်သမ္မတမိန့်ခွန်းအရ သိရသည်။
ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကီလိုဝပ် နာရီသန်းပေါင်း ၂၂၂၆ မှ ၂၀၁၁ -၁၂ ခုနှစ်တွင် ကီလိုဝပ် နာရီသန်းပေါင်း ၉၇၁၁ အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့သည်ဟု သမ္မတကြီးက ပြောသည်။ ၁၉၈၈ ခုနှစ်မှ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုစုစုပေါင်း ကီလိုဝပ် နာရီသန်းပေါင်း ၇၄၈၅ အထိ တိုးတက်လာခဲ့သော်လည်း လျှပ်စစ်လိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်သည်ဟု ဆိုသည်။
''တိုးတက်လာသော လူဦးရေနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်နေဆဲ ဖြစ်ပါတယ်။ မကြာမီကလည်း လျှပ်စစ်ဓာတ်အား လျော့နည်းကျဆင်းမှုအပေါ် ပြည်သူများအနေနှင့် လျှပ်စစ်မီး လိုအင်ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းပြည်ပနဲ့ ဆက်သွယ်ပြီး လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမယ့် လတ်တလော အစီအစဉ်များကို အမြန်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်''ဟု သမ္မတကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
| နိုင်ငံတော်၏ စွမ်းအင်ကိစ္စအရပ်ရပ်အတွက် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီကို ဖွဲ့စည်းပြီး ရေတိုရေရှည် အစီအမံများအတွက် အမျိုးသား လျှပ်စစ်စီမံကိန်းကို အမျိုးသားစွမ်းအင် မူဝါဒနှင့်အညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းကို ရေးဆွဲပြီးလျှင် ဆက်စပ်ဆောင်ရွက်သွားရမည့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးစသည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများကို ရေးဆွဲ အကောင်အထည်ဖော်သွားရမှာဖြစ်ကြောင်း သမ္မတကြီးက ပြောကြားသွားခဲ့သည်။ |












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်