ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 6, 2012

အခြေခံဥပဒေသစ်ရေးဆွဲမည့် အဖွဲ့ဖွဲ့ရန် အီဂျစ် နိုင်ငံရေးပါတီများကို စစ်ဘက်ကောင်စီ တိုက်တွန်း



အီဂျစ်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့အတွက် ဆော်ဒီရောက် အီဂျစ်များ ဇွန်လ ၄ ရက်နေ့က မဲပေးနေစဉ်
အခြေခံဥပဒေသစ် ရေးဆွဲမည့် အဖွဲ့ဝင် ၁၀၀ ကျော်ပါသော အဖွဲ့ဖွဲ့နိုင်ရေးကို အီဂျစ် နိုင်ငံရေးပါတီများ က ၄၈ နာရီအတွင်းလုပ်ဆောင်ရန် အီဂျစ်စစ်ဘက်ကောင်စီက ဇွန်လ ၅ ရက်တွင် ရာဇသံပေးခဲ့ပြီး မဟုတ်ပါက သူတို့သဘောဖြင့် ဖွဲ့စည်းသွားမည်ဟု ကြေညာခဲ့သည်။

ပါတီ ၁၈ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလအမတ်များက စစ်ဘက်ကောင်စီဥက္ကဋ္ဌ ဖီးမာရှယ်တန်တာဝီနှင့် တွေ့ဆုံခဲ့ပြီးနောက် ယင်းကဲ့သို့ ရာဇသံပေးခဲ့ခြင်းဖြစ်ကြောင်း အမတ်မူစတာဖာဘက်ရီက ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်။

အစ္စလာမ်မစ်ပါတီ လွှမ်းမိုးသော လွှတ်တော်က ယင်းအဖွဲ့ကို သူ့လူများဖြင့်သာ ဖွဲ့စည်းရန် ကြိုးပမ်းရာမှ လွှတ်တော်တွင်း လောကီသီးသန့်ဝါဒီများနှင့် လစ်ဘရယ်ဝါဒီများ၏ ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရသည်။
ယင်းပဋိပက္ခကြောင့် အီဂျစ်တွင် ကွဲပြဲမှုဖြစ်နေကြောင်း ပေါ်လွင်စေခဲ့သည်။ အရပ်ဘက်သို့ အာဏာလွှဲပေးမည်ဟု ကြေညာထားသော စစ်ဘက်ကောင်စီမှာလည်း ဝေဖန်ကန့်ကွက်မှု အကြီးအကျယ် ကြုံနေရသည်။ အာဏာလွှဲပေးမည်ဆိုသော်လည်း သမ္မတ ရွေးကောက်ပွဲရလဒ်မှာ သူတို့လိုချင်သည့် အတိုင်းမဖြစ်လာပါက အာဏာကို ဆက်လက်ချုပ်ကိုင်ထားမည့် အခြေအနေရှိနေကြောင်း သိရသည်။ အခြေခံဥပဒေသစ် မရှိသည်ဟူသော အချက်ကိုလည်း အကြောင်းပြချက်တစ်ခုအဖြစ် ပြမည်ဖြစ်သည်။

ဇွန်လ ၅ရက်ဆွေးနွေးပွဲသို့ မွတ်ဆလင်ဘရားသားဟုဒ်အပါအ၀င် ပါတီအများအပြားက သပိတ်မှောက်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌဖြစ်သော ယင်းအဖွဲ့မှ Saad el-Katatni က ယင်းစစ်ဘက်ကောင်စီကို ဝေဖန်ခဲ့သည်။ ဥပဒေ ပြဋ္ဌာန်းရန်၊ ဥပဒေထုတ်ပြန်ရန် လွှတ်တော်ကို မည်သူမှ ညွှန်ကြားနိုင်သည့် အာဏာမရှိကြောင်း သူက ပြောကြားခဲ့သည်။ စစ်ဘက်ကောင်စီက သူ့သဘောဖြင့် အခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန် ကြိုးပမ်း မည်ဆိုပါက လွှတ်တော်၏ ဥပဒေပြုအာဏာကို ပြန်ပေးဆွဲသည့် သဘောဖြစ်ကြောင်း သမ္မတရွေးကောက်ပွဲ ဒုတိ ယအကျော့ ယှဉ်ပြိုင်ရမည့် မွတ်ဆလင်ဘရားသားဟုဒ် ကိုယ်စားလှယ် မိုဟာမက်မော်ဆီက ပြောကြားခဲ့သည်။ စစ်ဘက်ကောင်စီ၏ မည်သည့်လုပ်ရပ်ကိုမဆို အသိအမှတ်ပြုမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com