ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 6, 2012

ဆီးရီးယားအစိုးရက နိုင်ငံ ၁၁ နိုင်ငံမှ သံတမန်များကို နှင်ထုတ်

ဆီးရီးယားသမ္မတ အာဆတ် ဇွန်လ ၃ ရက်နေ့က ပါလီမန်တွင် မိန့်ခွန်းပြောရန် ရောက်ရှိလာစဉ်
ဆီးရီးယား သံတမန်များကို အမေရိကန်အပါအ၀င် နိုင်ငံရှစ်နိုင်ငံခန့်က နှင်ထုတ်ခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ဆီးရီးယားကလည်း နိုင်ငံ ၁၁ နိုင်ငံမှ သံတမန်အချို့ကို နှင်ထုတ်ခဲ့ကြောင်း ဇွန်လ ၅ ရက်တွင် ကြေညာခဲ့သည်။ အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ တူရကီ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ဂျာမနီနှင့်ကနေဒါတို့မှ သံတမန်များကို နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သော သီတင်းပတ် နှစ်ပတ်ခန့်က လူ ၁၀၀ ကျော် အသတ်ခံခဲ့ရသည့် Houla  မြို့ဒေသခံများက မိမိတို့မြို့တွင် အခြေခံလိုအပ်သည့်အရာများ မရှိတော့ကြောင်း Skype မှတစ်ဆင့် ပြောကြားခဲ့သည်။ ယင်းမြို့သို့ ဂျုံ၊ ဂက်စ်၊ ဆေးများဖြန့်ဝေမှုကို အစိုးရက ဖြတ်တောက်ခဲ့သလို မီးလည်း ဖြတ်ခဲ့သည့်အတွက် အကူအညီများပေးကြရန် တောင်းဆိုကြောင်း ယင်းမြို့ရှိ အတိုက်အခံ သတင်းထုတ်ပြန်ရေးစင်တာက ထုတ်ပြန်ခဲ့သည်။

ယင်းမြို့တွင် လူ ၁၀၀ ကျော် အသတ်ခံရမှုတွင် မိမိတို့ တာဝန်မရှိကြောင်း ဆီးရီးယားအစိုးရက ငြင်းဆိုထားသည်။ ယင်းဖြစ်စဉ်ကို ဆီးရီးယားအစိုးရကိုယ်စား  Shabiha စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးနှင့် အ မေရိကန်အစိုးရက အပြစ်တင်ခဲ့သည်။
ဆီးရီးယားအစိုးရအပေါ် ပြင်းထန်သော အရေးယူမှုများ လုပ်ဆောင်နိုင်ရန်အတွက် ဆွေးနွေးနိုင်ရန် ၀ါရှင်တန်က အိုဘားမားအစိုးရ အကြီးတန်း တာဝန်ရှိသူနှင့် အထူးအကြံပေးတစ်ဦးဖြစ်သော ဖရက်ဒရက်ဟော့ဖ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို မော်စကိုသို့ ယခုသီတင်းပတ်အ တွင်း စေလွှတ်ခဲ့သည်။ အမေရိကန်နှင့် ရုရှားအကြား အဆင့်အသီးသီးတွင် ဆွေးနွေးမှု ပြုလုပ်နေကြောင်း ရုရှားနိုင်ငံခြားရေး ဒုတိယ၀န်ကြီး မီခေးလ်ဘော့ဒန်နိုဗ်က ပြောကြားခဲ့သည်။

ပင်လယ်ကွေ့နိုင်ငံများကောင်စီ (GCC) ဆွေးနွေးပွဲအပြီး ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Saud al-Faisal က ရုရှားသည် ဆီးရီးယားအစိုးရနှင့် ဆက်ဆံရေး မပျက်အောင်သာ ဂရုစိုက်နေလျှင် မှားယွင်းသော ရပ်တည်မှု ဖြစ်လိမ့်မည်ဖြစ်ပြီး ဆီးရီးယားတွင်ဖြစ်နေသော အကြမ်းဖက်မှုများ ရပ်တန့်နိုင်ရန်နှင့် ငြိမ်းချမ်းစွာ အာဏာလွှဲပေးနိုင်ရန်အတွက် ရုရှားအစိုးရက ရပ်တည်ချက် ပြောင်းလဲခြင်းဖြင့် ကူညီသင့်ကြောင်း ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်။ ဆီးရီးယားတွင် ကုလသမဂ္ဂက အပစ်အခတ်ရပ်စဲရန် တိုက်တွန်းခဲ့ပြီးနောက် လူ ၂၄၀၀ သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com