နိုင်ငံပိုင်ဆေးရုံကြီးများ၏ စာရင်းဇယားအရ ဆေးရုံတက်ရောက် သူများ၏ ၃၅ ရာခိုင်နှုန်းကျော် သည် အရေးပေါ် ပြဿနာကြောင့်ဖြစ်ပြီး သေဆုံးရခြင်း အကြောင်းအရင်း၏ ၅၀ ရာခိုင်နှုန်းခန့်သည် အရေးပေါ် အခြေအနေကြောင့် ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ကျင်းပသော Diploma in Emergency Medicine သင်တန်းဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောသည်။
စနစ်တကျစီမံ ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် Pre-Hospital Care System ကြောင့် ဆေးရုံမရောက်ခင် အရေးပေါ်ပြုစု ကုသမှုအားနည်းခြင်း၊ ဖွံ့ဖြိုးပြီးအဆင့်အတန်း မြင့်မားသည့် အရေးပေါ်ကုသမှုဌာနများ၊ အဆင့်မြင့် ကျွမ်းကျင်ဝန်ထမ်းများ နည်းပါးခြင်းတို့ကြောင့် အချိန်မီ အသက် ကယ်တင်နိုင်ရမည့်လူများကို မကယ်တင်နိုင်ခြင်းကို ကြားသိရကြောင်း ပြောခဲ့သည်။
ဝန်ကြီး “Emergency Medical Care သည် Clinical Settingနှင့် Community Setting အတွက်မှာပါ ပြည်သူအားလုံး အချိန်အခါ မရွေး၊ နေရာမရွေးအချိန်မီ ရရှိခံစားနိုင်သည့် အခွင့်အလမ်းရှိရန် လိုအပ်ကြောင်း၊ ဤအကျိုးခံစားခွင့်ကို ကျန်းမာရေးဝန်ကြီးဌာန အပါအ၀င် ဆေးပညာနှင့် နှီးနွှယ်ဝန်ထမ်းအားလုံး ကဖြည့်ဆည်းပေးရန် တာဝန်ရှိပါကြောင်း၊ ဆေးရုံမရောက်မီ အရေးပေါ် အသက်ကယ်ခြင်းသည် မသေသင့်သူများ၏ ၄၀ ရာခိုင်နှုန်းကို အသက်ရှင်အောင် ကူညီနိုင်သကဲ့သို့ Structured Hospital Emergency Service သည် လည်း ဆေးရုံရောက်ပြီး မသေသင့်သည့် လူနာများ၏အသက်ကို ကယ်တင်နိုင်စွမ်းရှိကြောင်း ထည့်သွင်းပြောကြားသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်