ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်တစ်ဆိုင်မှ ရောင်းချသည့် စက်သုံးဆီဈေးများ ဇွန်လ ၉ ရက်နေ့က မြင်တွေ့ရစဉ်
ယင်းအပြင် ပုဂ္ဂလိကစက်သုံး ဆီအရောင်းဆိုင်များအနေဖြင့် ဒီဇယ် ဖြစ်စေ၊ အောက်တိန်းဖြစ်စေ စသည် ဖြင့် ပြည်ပမှတင်သွင်းရောင်းချသည့် စက်သုံးဆီများအပေါ် လိုအပ်သည် ထက် တစ်ဂါလန်ကျပ် ၃၀၀ ၀န်း ကျင်အထိဈေးတင်ရောင်းချမှုရှိ ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဧပြီလဆန်းပိုင်းတွင် ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၁၁၄ အမေရိကန်ဒေါ်လာရှိခဲ့ ရာမှ ယခုဇွန်လ ၉ ရက်နေ့တွင် ၈၃ ဒေါ်လာသို့ကျဆင်းခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၀ ကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။
သို့သော် ပြည်တွင်းစက်သုံးဆီဈေးမှာမူ လုံးဝကျဆင်းမှုမရှိဘဲ ဧပြီလဆန်းပိုင်းက ဒီဇယ်တစ်ဂါလန် ကျပ် ၃၉၀၀ ရောင်းချပြီး ယခုဇွန်လ ၉ ရက်နေ့တွင်လည်း တစ်ဂါလန် ကျပ် ၃၉၀၀ ဖြင့်သာ ရောင်းချဆဲ ဖြစ်ကြောင်းသိရသည်။
| ဒီဇယ်ဆီ လက်ကားဆိုရင် တစ်ပီပါကို ကျပ် ၁၆၂၀၀၀(တစ်ဂါလန် ၃၂၄၀ ကျပ်)ရောင်းတယ်။ ဆီပြန်ရောင်းတဲ့သူတွေဝယ်တာ ဘောက်ဆာလိုက် ၀ယ်လို့ရတယ်။ အများပြည်သူ လက်လီဝယ်တာကျတော့ ဆိုင်မှာ ရောင်းနေတာ တစ်ဂါလန်ကို ကျပ် ၃၉၀၀ ဆိုတော့ တစ်ဂါလန်ကိုကျပ် ၆၀၀ ကျော်ကွာနေပြီ။ |
“ကျွန်တော် ပုဂ္ဂလိကစက်သုံးဆီ ဆိုင်တစ်ဆိုင်ကို ဒီနေ့(ဇွန်လ ၉ ရက် နေ့)မေးတယ်။ ဒီဇယ်ဆီ လက်ကားဆိုရင် တစ်ပီပါကိုကျပ် ၁၆၂၀၀၀ (တစ်ဂါလန် ၃၂၄၀ ကျပ်) ရောင်းတယ်။ ဆီပြန်ရောင်းတဲ့သူတွေဝယ် တာဘောက်ဆာလိုက်ဝယ်လို့ရတယ်။ အများပြည်သူ လက်လီဝယ်တာကျတော့ ဆိုင်မှာရောင်းနေတာ တစ်ဂါလန်ကို ကျပ် ၃၉၀၀ ဆိုတော့ တစ် ဂါလန်ကိုကျပ် ၆၀၀ ကျော်ကွာနေ ပြီ။ လက်ကားဈေးဆိုတာ အမြတ်တင်ပြီးသားမို့လို့ ပြည်ပကသွင်းပြီး အဲဒီဈေးနဲ့ လက်ကားပြန်ဖြန့်နိုင်တာ လေ။ ဘယ်သူမှအရှုံးခံပြီး လက်ကားရောင်းတာကို အရင်းထဲကအပါ ခံမရောင်းဘူး။ ဒီတော့ အမြတ်တင် ပြီးသား လက်ကားဈေးထက် တစ်ဂါလန်ကျပ် ၆၀၀ ထပ်ပြီး အများ ပြည်သူအပေါ်အမြတ်တင်ရောင်းတာ ရှင်းနေတာပဲ။ ဆိုလိုတာက ဒီဇယ် လက်လီရောင်းတာဟာ တစ်ဂါလန် ရောင်းတိုင်း ကျပ် ၆၀၀ နဲ့အထက် မြတ်နေတာသေချာတယ်။ အခု ကားသစ်တွေ အများကြီးရောက်လာ ပြီး အောက်တိန်းအရမ်းရောင်းကြရ တယ်။ ဒါလည်းဒီလိုပဲ ဒီနေ့အောက် တိန်းကို ၂၈၀၀ ဂါလန်ဘောက်ဆာ အစီးလိုက်ဝယ်ချင်ရင် လက်ကားဈေး နဲ့တစ်ဂါလန်ကို ကျပ် ၃၆၇၀ ပဲရှိ တယ်။ ဒါပေမယ့် အများပြည်သူကို ကျတော့ အောက်တိန်းတစ်ဂါလန် အခု ကျပ် ၄၀၀၀နဲ့ရောင်းတယ်။ အရင်အပတ်တွေကဆို ကျပ် ၄၁၀၀ ရောင်း တယ်၊ ရန်ကုန်ဈေးပေါ့။ တစ်ဂါလန် ကို အနည်းဆုံးကျပ် ၃၀၀ ထပ်တင် ရောင်းတာ။ ကျွန်တော်အခုလို ပြောတာက အများပြည်သူအနေနဲ့ မသိဘဲ သူတို့ရောင်းသမျှငြိမ်ခံပြီး ၀ယ်သုံး နေရတာကို ထောက်ပြချင်တာ”ဟု ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်မှ စက်သုံးဆီများအား ၂၈၀၀ ဂါလန် ဆံ့ဆီဘောက်ဆာ လိုက်ဝယ်ယူ၍ နယ်မြို့များတွင် ပြန်လည်ဖြန့်ဖြူး နေသူတစ်ဦးက ပြောပြခဲ့သည်။
“နိုင်ငံတကာဈေး ဒီနေ့တက်ရင် ချက်ခြင်းလိုက် ဈေးတင်ရောင်းတယ်။ နိုင်ငံတကာဈေး အခုကျတာ လနဲ့ချီပြီ။ ‘ဈေးအမြင့်နဲ့သွင်းထား တာမကုန်သေးလို့’ဆိုတဲ့စကားကတော့ ရိုးသွားပြီ စကားလုံးအသစ် ရှာလိုက်ဦးလို့ ပြောရမလိုဖြစ်နေပြီ။ နိုင်ငံတကာဈေးနဲ့ရောင်းပါမယ်လို့ ပြောပြီး နိုင်ငံပိုင်တွေကို လူနည်းတစ် စုပဲ တန်ဖိုးနည်းနည်းလေးနဲ့ ယူသွားတာ။ အဲဒီလိုယူပြီး အများပြည်သူဆီ ကထပ်ပြီး အမြတ်ကြီးစားတယ်။ ဟုတ်ပြီ အမြတ်ကြီးစားလို့ သူတို့ မြတ်သမျှ တစ်လကို ကျပ်သိန်းရာ ထောင်ချီတဲ့ငွေပေါ်မှာ၊ တင်သွင်းဖြန့် ဖြူးတဲ့အပေါ်မှာ အခွန်တကယ် ဆောင်ရဲ့လား။ အများပြည်သူအတွက် အခွန်လည်းမရ၊ သူတို့လိုချင်တဲ့ အမြတ်အတွက်လည်း ပေးနေရတယ်။ ကျွန်တော်တို့ကအခွန်ဆောင်တယ် ဘယ်လောက်မှ မမြတ်ဘူးပြောတဲ့ သူတွေရှိတယ်။ မမြတ်တဲ့လုပ်ငန်းကို တစ်နိုင်ငံလုံးလှည့်ပြီး ဆိုင်သစ်ဖွင့် လုပ်တဲ့သူ ဘယ်သူမှမရှိဘူး။ တစ်ဂါလန်ပေါ်မှာကျပ် ၁၀၀၊ ၂၀၀ လောက် အမြတ်ယူရင် တော်ပြီပေါ့ဗျာ။ ဆိုင်များများပိုင်တဲ့သူက တစ်လကို ဂါလန်သောင်းသိန်းချီ ရောင်းနေရတာ။ အခုလို တစ်ဂါလန်ကျပ် ၃၀၀ နဲ့အ ထက်အမြတ်ယူတယ်ဆို ဘယ်လောက် မြတ်နေပြီလဲ။ ဘာကြောင့် ပြောရတာလဲဆိုတော့ စက်သုံးဆီဈေးက အများ ပြည်သူ၊ ကုန်စည်သယ်ယူပို့ဆောင် ရေးရဲ့အသက်ပဲ။ ဆီဈေးကြီးရင် သယ်ယူခ ဈေးတက်မယ်။ အများပြည်သူ ထပ်ခံရတယ်”ဟု ကုန်ထုတ်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ပုံမှန်ထက် စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုမှာ နိုင်ငံတွင်းကုန်စည် သယ်ယူပို့ဆောင်မှု၊ အခြေခံ ကုန်စည်ဈေးနှုန်းများ အပေါ်တွင်ပါ သက်ရောက်မှု ရှိသည့်အတွက် အများပြည်သူဈေးမှန်ဖြင့် ၀ယ်ယူနိုင်ရန် နိုင်ငံတကာဈေးဖြင့် မပြတ် တိုက်ဆိုင်စစ်ဆေး လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း သုံးသပ်ကြသည်။

ကမ္ဘာ့ရေနံစိမ်းဈေး အတက်အကျနှင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ရောင်းချပေးနေသည့် ပြည်တွင်း စက်သုံးဆီ လက်လီဈေး(ရန်ကုန်) နှိုင်းယှဉ်ဖော်ပြချက်
| ရက်စွဲ | ရေနံစိမ်း | ပြည်တွင်းဒီဇယ် | ပြည်တွင်းအောက်တိန်း |
| ၂၀၁၂ မတ်လ | ၁၁၈ | ၃၉၀၀ | ၄၁၀၀ |
| ၂၀၁၂ ဧပြီလ | ၁၁၄ | ၃၉၀၀ | ၄၁၀၀ |
| ၂၀၁၂ မေလ | ၁၀၄ | ၃၉၀၀ | ၄၁၀၀ |
| ၅-၆၂၀၁၂ | ၈၅ | ၃၉၀၀ | ၄၀၅၀ |
| ၆-၆-၂၀၁၂ | ၈၄ | ၃၉၀၀ | ၄၀၅၀ |
| ၇-၆-၂၀၁၂ | ၈၃ | ၃၉၀၀ | ၄၀၅၀ |
| ၈-၆-၂၀၁၂ | ၈၃ | ၃၉၀၀ | ၄၀၅၀ |
| ၉-၆-၂၀၁၂ | ၈၄ | ၃၉၀၀ | ၄၀၀၀ |












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်