ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, June 19, 2012

 ဟိုတယ်၊ ရှော့ပင်းမောလ်နှင့် အခြား လက်လီလက်ကား အရောင်းဆိုင်ခန်းမများ လာရောက် ရင်းနှီးမြှုပ်နှံရန် ဂျပန်နိုင်ငံ ဆွေးနွေး

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် လိုအပ်မည့် ၀န်ဆောင်မှုများပါရှိသည့် ဟိုတယ်၊ ရှော့ပင်းမောလ်နှင့် အခြားလက်လီလက်ကား အရောင်းဆိုင်ခန်းမများကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဂျပန်နိုင်ငံက ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဂျပန်နိုင်ငံ Asahi Shokuhin Co.,Ltd နှင့် Green Earth Power Co.,Ltd တို့မှ တာဝန်ရှိသူများသည် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနသို့ ၂၀၁၂ ခုနှစ် ဇွန်လ ဆန်းပိုင်းက လာရောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရ သည်။
ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွင် လိုအပ်မည့် ပြီးပြည့်စုံသော ၀န်ဆောင်မှုများပါရှိသည့် ဟိုတယ်၊ Shopping Mall နှင့် အခြား လက်လီလက်ကား အရောင်းဆိုင် ခန်းမများကို ရင်းနှီးမြှုပ်နှံလိုသည့်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများကို သိရှိလိုကြောင်း ဆွေးနွေးမေးမြန်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက မြန်မာနိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များ၊ Commercial Complex ဆောက်လုပ်ရေးလုပ်ငန်းအတွက် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့် Tourism Master Plan  ရေးဆွဲနိုင်ရေးအတွက် နော်ဝေနိုင်ငံအစိုးရနှင့် Asia Deve-lopment Bank (ADB) တို့၏ အကူအညီဖြင့် ဆောင်ရွက်နေမှု အစီအစဉ်များအား ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လာရောက်လေ့လာမှုများ ပိုမိုလာရာတွင် ယင်းသို့ လာရောက်သော အဖွဲ့များအနက် ဟိုတယ်လုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသူ ပိုမိုများပြားကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံသည် ဟိုတယ်လုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်ရန်သာမက ကားဝန်ဆောင်မှုလုပ်ငန်းအတွက်လည်း လေ့လာခြင်းရှိခဲ့ကာ ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ ရန်ကုန်မြို့သို့ တိုက်ရိုက် လေကြောင်းခရီးစဉ်ကိုလည်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ၀န်းကျင်တွင် စတင်ပျံသန်းရန် စီစဉ် ထားသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com