ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, June 19, 2012

ကချင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေးစခန်းများ၌ လူဦးရေ ဆက်လက်မြင့်တက်နေပြီး ငှက်ဖျားနှင့် ၀မ်းပျက်ဝမ်းလျော ရောဂါများအား စိုးရိမ်ရသည့် အနေအထားတွင် ရှိနေ


ကချင်ပြည်နယ်အတွင်းရှိကယ် ဆယ်ရေးစခန်းများ၌ လူဦးရေတိုး တက်လာနေသည့်အပြင် ငှက်ဖျား၊ ၀မ်းပျက်ဝမ်းလျော ရောဂါများအား စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သတင်းရရှိပါသည်။

လက်ရှိတွင် ကချင်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုများရှိနေ ကာကယ်ဆယ်ရေးစခန်းများ၌ အမိုးအကာ မလုံခြုံမှုများ၊ စခန်းနှင့်လူဦးရေ မမျှတမှုများ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း၊ အိမ်သာလုံလောက်မှု မရှိခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိနိုင်မှု နည်းပါးခြင်း စသည်တို့ကို ကြုံတွေ့နေရသည်ဟု သိရှိရသည်။

''လူတွေက စုနေကြရတော့ ကူးစက်ရောဂါကတော့ ဖြစ်လွယ် တာပေါ့။ ၀မ်းပျက်ဝမ်းလျောအဖြစ် များလာတယ်။ တောထဲမှာနေရတဲ့ အပြင် ဆေးဝါးက ရဖို့မလွယ်ဘူး။ သေတာတွေလည်းပဲ ကျွန်တော်သိ သလောက်တော့ တချို့စခန်းတွေမှာ နေ့စဉ်နဲ့အမျရှိတယ်လို့တောင် ပြော နိုင်တယ်''ဟု ကယ်ဆယ်ရေးစခန်း များသို့သွားရောက်ခဲ့သူ ဖားကန့်မြို့ နယ်မှ ကိုဇော်မိုးထက်က ပြောပြပါ သည်။
ကချင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် KIA အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှ စတင်ခဲ့ပြီး အဆိုပါတိုက်ပွဲများသည် ဗန်းမော်ခရိုင်အတွင်း၌ စတင်ခဲ့သည်။ ထို့နောက် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့နယ်များအထိ ရောက်ရှိခဲ့ကာ ယင်းကာလမှ စတင်၍ ဒေသခံ တိုင်းရင်းသားများသည် မိမိတို့နေထိုင်ရာ ကျေးရွာများကို စွန့်ခွာကာ မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများ၊ သာသနိက အဆောက်အအုံများ၊ တောတွင်းကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေထိုင်မှုများ ရှိလာခဲ့သည်။

''အခုလူဦးရေက များလာတယ်။ စခန်းနဲ့ လူနဲ့မမျှတာတွေ အများကြီးပဲ။ အစားအသောက်ကလည်း ခက်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးလည်းခက်၊ တစ်ခုခုဖြစ်ရင် ကျန်းမာရေး စောင့်ရှောက်မှုကရဖို့ခက်တယ်။ အထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေမှာ ပိုဆိုးတယ်။ အခု ၀မ်းရောဂါက စိုးရိမ်ရသလို ငှက်ဖျားဆိုတာကလည်း နဂိုကတည်းကပေါတော့ စိုးရိမ်စရာ အခြေအနေမှာ ရှိပါတယ်''ဟု ကချင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေးစခန်းများနှင့် ချိတ်ဆက်လျက် လူမှုကူညီရေးဆောင်ရွက်နေသည့် ကချင်တိုင်းရင်းသူတစ်ဦးက ပြောပြသည်။
၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဇွန်လဆန်းအထိ တစ်နှစ်တာ ကာလအတွင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား တိုက်ပွဲများ အကြိမ် ၂၀၀၀ ၀န်းကျင် ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူဦးရေ မြင့်တက်လာခဲ့သည်။ စစ်ရှောင်သူဦးရေသည် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၅၀၀၀၀ ကျော်ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင်မူ လူဦးရေ မြင့်တက်လာခဲ့ကာ လက်ရှိ၌ လူဦးရေ ၈၀၀၀၀ ကျော် တစ်သိန်းဝန်းကျင်မှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com