ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်
စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)
၂၀၁၃ ပြက္ခဒိန်
3
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....
Thursday, June 14, 2012
e5116
ဝဇီရာရုပ်ရှင်ရုံ(၁)နှင့် (၂)အား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်မှ ဆောင်ရွက်ချက် တစ်စုံတစ်ရာမပြုလုပ်မီ တစ်လချင်း ငှားရမ်းမှုစနစ်ဖြင့် ဆက်လက်လုပ်ကိုင်ခွင့် ပေးသွားမည်ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ သိရသည်။
“၀ဇီရာ(၁)နဲ့(၂)ရဲ့အခြေ အနေ ကမတူပါဘူး။ ၀ဇီရာရုပ်ရှင်ရုံ (၁) ကိုရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြု ချက်နဲ့ နှစ်ရှည်ငှားရမ်းခဲ့ရာမှာပုံမှန် သုံးနှစ်နှစ်ကြိမ်ငှားရမ်းခဲ့ရာကနေ ရုပ်ရှင်အစည်းအရုံးက လုပ်ကိုင်နေ တာဖြစ်တဲ့အတွက် သုံးနှစ်လေးကြိမ် ငှားရမ်းခဲ့ပြီးဖြစ်ပါတယ်။ ဒီနောက် တစ်လချင်းစနစ်နဲ့ပဲ ဆက်လက်ငှား ရမ်းခဲ့ပါတယ်။ ၀ဇီရာရုပ်ရှင်ရုံ (၁) အနေနဲ့ဆိုင်ခန်းတွေ ရှင်းလင်းဆောင်ရွက်ပြီးသွားရင် ပြန်လည်အပ်နှံရ မှာဖြစ်ပါတယ်။ ဒါပေမယ့် ဆိုင်ခန်း တွေရှင်းလင်းနေစဉ်အတွင်း၊ ပုဂ္ဂလိ ကပိုင်ပြုလုပ်ရေးကော်မရှင်ကတစ်စုံ တစ်ရာဆောင်ရွက်မှု မပြုစဉ်အတွင်း မှာ တစ်လချင်းစာချုပ်နဲ့ ဆက်လက် ငှားရမ်းပေးသွားမှာပါ။ ၀ဇီရာရုံ(၂) အနေနဲ့ကတော့ငှားရမ်းကာလဆယ် နှစ်ပြည့်ပြီးချိန်မှာ ရုပ်ရှင်အစည်းအရုံးက ၀ယ်ယူလိုတယ်လို့ တင်ပြလာ တဲ့အတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်လက်ထဲကို ရောက်ရှိပြီး ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ရုပ်ရှင်အစည်းအရုံးက မ၀ယ်ဖြစ်ခဲ့ဘူး။ ၀ဇီရာရုံ(၁)ကတော့ ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးကော်မရှင်ကို မအပ်နှံ ရသေးတဲ့အတွက် ဆိုင်ခန်းပြဿနာတွေ ရှင်းလင်းပြီးသည်အထိ၊ပြန်လည် အပ်နှံနိုင်သည်အထိ စောင့်ဆိုင်းငှား ရမ်းပေးသွားမှာပါပဲ” ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ရှင်းပြသည်။
ဝဇီရာရုပ်ရှင်ရုံ(၁)ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ အောက် တိုဘာလ ၂၂ ရက်နေ့ ၁၉၉၉ ခုနှစ် တွင်စတင်ငှားရမ်းခဲ့ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ ၂၀၁၁ ခုနှစ်တွင် စာချုပ်သက်တမ်း လေးကြိမ်ပြည့် ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ရုပ်ရှင် အစည်းအရုံး မှဆက်လက်လုပ်ကိုင်ခွင့်ပေးရန် တင်ပြခဲ့ပြီးနောက် သုံးလ လုပ်ကိုင်ခွင့်ပေးခဲ့ကာ ယခုတစ်လချင်း စီစာချုပ်စနစ်ဖြင့် ဆက်လက်ငှားရမ်း ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၀ဇီရာ ရုပ်ရှင်ရုံ(၂)ကို ဇန်န၀ါရီလ ၃၁ ရက် ၂၀၀၁ ခုနှစ်တွင် စတင်ငှားရမ်း ခဲ့ပြီး ဇန်န၀ါရီလ၃၁ရက် ၂၀၁၁ခုနှစ်တွင် ဆယ်နှစ်သက်တမ်း ပြည့်မြောက်ကာ တစ်လချင်းဆက်လက်ငှားရမ်းလျက် ရှိရာမှပြန်လည်အပ်နှံရန် အကြောင်း ကြားခဲ့ပြီးနောက် ယခုအခါ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ဆောင်ရွက်ချက် တစ်စုံတစ်ရာမ ရှိမီကာလအတွင်း တစ်လချင်း ငှားရမ်းသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်
Related Posts Plugin for WordPress, Blogger...
ukok44@gmail.com