ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 14, 2012

မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) အမှုဆောင် ကော်မတီ ပြန်လည်ရွေးချယ် တင်မြှောက်ရေးအတွက် စိစစ်ကြီးကြပ်မှု ကော်မတီဝင်များ ဖွဲ့စည်း


e5115
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အမှုဆောင်ကော်မတီ ပြန်လည် ရွေးချယ် တင်မြှောက်ရေးအတွက် ဂီတအစည်းအရုံး အလွှာအသီးသီးမှ ရွေးချယ်ကာ စိစစ်ကြီးကြပ်မှု ကော်မတီဝင်များ ဖွဲ့စည်းလိုက်သည်ဟု သတင်း ရရှိသည်။ အဆိုပါ စိစစ်ကြီးကြပ်မှု ကော်မတီဝင်များ အနေဖြင့် ဂီတ အစည်းအရုံး အမှုဆောင် ကော်မတီပြန်လည်ရွေးချယ်ရာတွင် ပါဝင်ရွေးချယ်ခံခြင်း မရှိမည့်သူများထဲမှ ရွေးချယ် ထားခြင်းဖြစ်သည်ဟုသိရသည်။
“ဂီတအစည်းအရုံး အမှုဆောင် ကော်မတီ ပြန်လည်ဖွဲ့စည်းဖို့အတွက် ပထမဆုံး အခြေခံအဆင့်အနေနဲ့ စိစစ် ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပြီးသွားပါပြီ။ အဓိကတော့ အစည်းအရုံးဝင်တွေ အားလုံးမဲပေးခွင့်ရဖို့ရယ်၊ ရွေးချယ်ခံရာမှာလည်း ရွေးချယ်ခံထိုက်တဲ့ သူတွေ အားလုံးပါဝင်နိုင်ဖို့ရယ်ကို စိစစ်ပေးသွားမှာပါ။ ဂီတလောကသား အားလုံးရဲ့သဘောဆန္ဒနဲ့ရွေးချယ် တင်မြှောက်တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်း တစ်ရပ်ဖြစ်လာအောင် ဆောင်ရွက်သွား မှာပါ”ဟု ဂီတအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
စိစစ်ကြီးကြပ်မှု ကော်မတီဝင်များ ပြန်လည်ဖွဲ့စည်းရာတွင် နာယ ကလူကြီးများအဖြစ်စည်သူဗိုလ်က လေးတင့်အောင်၊ စည်သူဦးမင်းနောင်၊ စည်သူဦးမောင်မောင်ကြီးတို့က ဆောင်ရွက်မည်ဖြစ်ပြီး မဟာဂီတ အလွှာမှအဆိုကဏ္ဍတွင် ဒေါ်သင်းသင်းမြတ်၊ ဒေါ်ရွှေကူနန်းနွဲ့နွဲ့၊ အတီးဦး ဌေးအောင်၊ စန္ဒရားဦးမောင်မောင်တုတ်၊ ကာလပေါ်အလွှာတွင် အဆိုဦး အေးသန်း(မလိခ)၊ ဦးသန်းရီ (ရန်ကင်းသန်းရီလေး)၊ အရေး ဦးမောင် မောင်လေး၊ ဦးဝင်းမောင်(ရေနံ့သာ ၀င်းမောင်)၊ အတီး ဦးတင်သိန်း(ထ ရန်းပက်)၊ ဦးလှဆန်းဦး၊ စတီရီယို အလွှာတွင် အဆို ဦးခင်မောင်ထူး၊ ဦး အနဂ္ဂ၊ အရေး ဦးသုခမိန်လှိုင်၊ ဦးRခိုင်၊ အတီး ဦးမောင်မောင်လွင်၊ ဦးချမ်းအေးဝင်း၊ ထုတ်လုပ်ဖြန့်ချိ အလွှာတွင် ဦးညီညီ(လ၀န်းသစ်)၊ ဦးကျင်ထွန်းအောင်၊ စက်မှုအသံဖမ်းအလွှာတွင် ဦးကြည်မင်းသိန်း၊ ဦးကျော် မင်းတို့ပါဝင်ဖွဲ့စည်းထားသည်ဟု သိရှိရသည်။ စိစစ်ကြီးကြပ်မှု ကော်မတီ ၏ဥက္ကဋ္ဌ၊ အတွင်းရေးမှူး တာဝန်များကို အဆိုပါကော်မတီဝင်များမှ ရွေးချယ်တာဝန်ပေးအပ်သွားမည်ဟု သိရှိရသည်။ ဂီတအစည်းအရုံး ပြန်လည်ဖွဲ့စည်းရာတွင် အမှုဆောင်အ ဖွဲ့ဝင် ၅၀ ဦး နှင့်ဖွဲ့စည်းသွားမည် ဖြစ်ပြီး မဟာဂီတအလွှာအတွက်အဆို နှင့်အတီး ၁၀ဦး၊ ကာလပေါ် အလွှာ အတွက်ရေးဆိုတီး ၁၅ ဦး၊ စတီရီယိုအလွှာအတွက် ရေးဆိုတီး ၁၅ ဦး၊ ထုတ်လုပ်ဖြန့်ချိအလွှာအတွက်၅ ဦး၊ စက်မှုအလွှာအတွက် ၅ ဦးတို့ကို ရွေးချယ်သွားမည်ဟု သိရသည်။ ဂီတ အစည်းအရုံးဝင်ဖြစ်ပြီး ပရော်ဖက်ရှင်နယ်အဆင့် လှုပ်ရှားနေသည့်မည် သူမဆို ၀င်ရောက်ရွေးချယ်ခံနိုင်ပြီး ဂီတအစည်းအရုံးဝင် ပရော်ဖက်ရှင်နယ် အဆင့်နှင့် အပျော်တမ်းအဆင့် နှစ်မျိုးလုံးမှာ မဲပေးခွင့်ရှိမည်ဟုသိရသည်။ မဲပေးရွေးချယ်ရာတွင် သက်ဆိုင်ရာ အလွှာအလိုက်သာ ရွေးချယ်ရမည်ဖြစ်ပြီး အဆိုနှင့်တေးရေး၊အဆို နှင့်အတီးစသည်ဖြင့် တွဲဖက်လုပ်ကိုင်သူများ အနေဖြင့် ပရိသတ်ပိုမို အသိအမှတ်ပြုသည့် အလွှာအတွက် မဲပေးခွင့်၊ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဟု သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com