အလုပ်သမား အဖွဲ့အစည်း ဥပဒေ ထွက်ရှိပြီးနောက် ယင်းဥပဒေအရ ဖွဲ့စည်းထားသည့် အလုပ်သမားအဖွဲ့ ချုပ် တစ်ခုအပါအ၀င် အခြေခံအလုပ် ရှင်အဖွဲ့အစည်း၊ အခြေခံအလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းမှုမှာ အရေအတွက် ဇွန်လ ၂ ရက်နေ့အထိ ၄၀ ရှိပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းများမှာ အလုပ်သမား အဖွဲ့ချုပ်တစ်ခု၊ အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၉ ခုနှင့် အခြေခံအလုပ်ရှင် အဖွဲ့အစည်း ၁၀ ခုတို့ဖြစ်ကြောင်း သိရသည်။
အလုပ်သမားအဖွဲ့ချုပ်ကို မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်မှ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အခြေခံအလုပ်သမားအဖွဲ့အစည်းများကို အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ပိုက်စက်ရုံ၊ ကြွေပြားစက်ရုံများမှ အခြေခံလုပ်သားများ၊ ကုန်တင်ကုန်ချလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းမှအလုပ်သမားများ၊ အနှေးယာဉ်လုပ်သားများနှင့်တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေးအခြေခံ လုပ်သားများ၊ သတ္တုတွင်း အခြေခံ လုပ်သားများက ဖွဲ့စည်းခဲ့ကာ အခြေခံ အလုပ်ရှင်အဖွဲ့အစည်းများကို အထည် ချုပ်လုပ်ငန်းရှင်များနှင့် ပြည်ပအလုပ်အကိုင် လုပ်ငန်းရှင်များက ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခြေခံအလုပ်သမား အဖွဲ့အစည်း ကိုလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား အနည်းဆုံးဦးရေ ၃၀ ဖြင့် ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ်သမား ဦးရေ ၃၀ အောက်ရှိသော လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုဖြစ်ပါက လုပ်ငန်းသဘောသဘာဝ တူညီသော အခြားလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုတစ်ခုခုနှင့် ပူးပေါင်းဖွဲ့စည်းနိုင်ကြောင်း အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ သိရသည်။
အလုပ်သမားအဖွဲ့အစည်းဥပဒေ အရအလုပ်ရှင်များသည်လည်း ဥပဒေ နှင့်အညီ အလုပ်ရှင် အဖွဲ့အစည်းများ ကို အပြိုင်ဖွဲ့စည်းနိုင်ကြောင်း သိရှိရသည်။
အလုပ်ရှင်၊ အလုပ်သမား အဖွဲ့ အစည်းများဖွဲ့စည်းနိုင်ရန်အတွက် မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာကလည်း အလုပ်သမား အဖွဲ့အစည်းများ မှတ်ပုံတင်လျှောက်ထားနိုင်ရန် အတွက် မှတ်ပုံတင်အရာ ရှိချုပ်၊ မြို့နယ်မှတ်ပုံတင် အရာရှိများ ကို သတ်မှတ် တာဝန်ပေးထားပြီးဖြစ်ကြောင်းလည်း သိရှိရပါသည်။
လက်ရှိ ဖွဲ့စည်းထားသည့် အ လုပ်သမားအဖွဲ့ချုပ်၊ အခြေခံအလုပ် ရှင်၊ အလုပ်သမားအဖွဲ့အစည်း ၄၀ ခုကို သက်ဆိုင်ရာက အသိအမှတ်ပြု မှတ်ပုံတင်များ ထုတ်ပေးပြီးဖြစ်ကြောင်း လည်း သိရှိရပါသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်