သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ်ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ မညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြနိုင်ရန် လက်ရှိစစ်ဆေးနေမှုကို ဆိုင်းငံ့ပေးရန် လျောက်ထားမှုကို ဒဂုံမြို့နယ်တရားရုံးက ဇွန်လ ၂၀ ရက်ရုံးချိန်းတွင် ပယ်ချသည့် အမိန့်ချမှတ်ခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့တွင် ရုံးချိန်း ထပ်မံခေါ်ယူထားကြောင်း သတင်းရရှိသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြရန် လက်ရှိအမှုစစ်ဆေးမှုကို ဆိုင်းငံ့ပေးရန် တင်ပြမှုကို တရားရုံးက ပယ်ချလိုက်သဖြင့် အထက်ရုံး အဆင့်ဆင့်သို့ ပြင်ဆင်မှု တက်သွားမည်ဖြစ်ကြောင်း The Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ် တော်ရှေ့နေ ဦးသိန်းညွှန့်က ဆိုသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် တရားစွဲထားသည့်အမှုတွင် သတင်းရေးသားသူ အမည်ကို အယ်ဒီတာချုပ်က ဖော်ထုတ်ပေးရန် တောင်းဆိုထားမှုကို ဒဂုံမြို့နယ် တရားရုံးမှ ပလပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့က ကြားနာစစ်ဆေးခဲ့သည့် ရုံးချိန်းမှ သိရှိရသည်။ တရားစွဲဆိုခံရသူများမှာ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ ထုတ်ဝေသူနှင့် သတင်းရေးသားသူတစ်ဦးတို့ ဖြစ်ကြသည်။

0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်