ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, June 19, 2012

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ရောက်ရှိနေ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံသွားမည်ဖြစ်ပြီး ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်

020333-01-02
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့၌ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့အထိ ဗြိတိန်နိုင်ငံတွင်  နေထိုင်ရန် စီစဉ်ထားပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံ သွားမည်ဖြစ်ကာ ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်း၊ သားနှစ်ဦးတို့ နှင့် နှစ်အတန်ကြာ နေထိုင်ခဲ့သည့်  အောက်စဖို့ဒ်မြို့သို့ သွားရောက်ကာ မိသားစုဝင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၀ ပြည့်လွန်နှစ် များက အောက်စဖို့ဒ်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး  ဘွဲ့ရရှိခဲ့သည်။
ဇွန်လ ၂၀ ရက်နေ့တွင် အောက်စဖို့ဒ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်သွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်မြို့ရှိ လွှတ်တော် နှစ်ရပ်ပေါင်း ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသည့်နိုင်ငံဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် နာမကျန်းဖြစ်နေသော မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းထူထောင်ကာ ဒီမိုကရေစီ ရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံမှ တစ်ဆင့် ဗြိတိန် နိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံတွင် U2 တေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International) မှချီးမြှင့်သော Ambassador of Conscience ဆုကို လက်ခံရယူခဲ့သည်။
ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်သည် Dublin မြို့တော်၏ လွတ်မြောက်ရေးဆုကိုလည်း လက်ခံရယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံတွင် ရှိနေစဉ်အတွင်း သမ္မတ Michael D. Higgins နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်  U2 တေးဂီတအဖွဲ့အဆိုတော် ဘိုနို ၏ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် အိုင်ယာလန် နိုင်ငံသို့ နော်ဝေနိုင်ငံမှ ရောက်ရှိလာခြင်းဖြစ်သည်။
နော်ဝေနိုင်ငံတွင် ဇွန်လ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် နိုဗယ် မိန့်ခွန်းကို ပြောကြားခဲ့သည်။
၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဆုကို ကိုယ်တိုင် လက်ခံရယူနိုင်ခဲ့ခြင်းမရှိဘဲ ခင်ပွန်း နှင့် သားနှစ်ဦးတို့က သူ့ကိုယ်စား ဆု လက်ခံရယူခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဇွန်လ ၁၆ ရက်နေ့က ကျင်းပသည့် နိုဘယ်ဆုပေးပွဲအခမ်းအနားတွင် တွေ့ရစဉ် (AFP Photo)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့၌ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့အထိ ဗြိတိန်နိုင်ငံတွင်  နေထိုင်ရန် စီစဉ်ထားပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံ သွားမည်ဖြစ်ကာ ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်း၊ သားနှစ်ဦးတို့ နှင့် နှစ်အတန်ကြာ နေထိုင်ခဲ့သည့်  အောက်စဖို့ဒ်မြို့သို့ သွားရောက်ကာ မိသားစုဝင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၀ ပြည့်လွန်နှစ် များက အောက်စဖို့ဒ်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး  ဘွဲ့ရရှိခဲ့သည်။
ဇွန်လ ၂၀ ရက်နေ့တွင် အောက်စဖို့ဒ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်သွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်မြို့ရှိ လွှတ်တော် နှစ်ရပ်ပေါင်း ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသည့်နိုင်ငံဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် နာမကျန်းဖြစ်နေသော မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းထူထောင်ကာ ဒီမိုကရေစီ ရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံမှ တစ်ဆင့် ဗြိတိန် နိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ဇွန်လ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံတွင် U2 တေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International) မှချီးမြှင့်သော Ambassador of Conscience ဆုကို လက်ခံရယူခဲ့သည်။
ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်သည် Dublin မြို့တော်၏ လွတ်မြောက်ရေးဆုကိုလည်း လက်ခံရယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံတွင် ရှိနေစဉ်အတွင်း သမ္မတ Michael D. Higgins နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်  U2 တေးဂီတအဖွဲ့အဆိုတော် ဘိုနို ၏ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် အိုင်ယာလန် နိုင်ငံသို့ နော်ဝေနိုင်ငံမှ ရောက်ရှိလာခြင်းဖြစ်သည်။
နော်ဝေနိုင်ငံတွင် ဇွန်လ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် နိုဗယ် မိန့်ခွန်းကို ပြောကြားခဲ့သည်။
၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဆုကို ကိုယ်တိုင် လက်ခံရယူနိုင်ခဲ့ခြင်းမရှိဘဲ ခင်ပွန်း နှင့် သားနှစ်ဦးတို့က သူ့ကိုယ်စား ဆု လက်ခံရယူခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗြိတိန်နိုင်ငံမှ ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည် ဖြစ်ကာ မြန်မာနိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com