ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Tuesday, June 19, 2012

 ရခိုင်ပြည်နယ်တွင် ဘေးဒုက္ခ ကြုံတွေ့နေရသော ပြည်သူများအတွက် ၈၈ မျိုးဆက် ကျောင်းသားများမှတစ်ဆင့် အလှူငွေ လှူဒါန်းနိုင်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဘေးဒုက္ခ ကြုံတွေ့နေရသော ပြည်သူများအတွက် အလှူငွေ ထည့်ဝင်လို သူများရှိပါက ၈၈ မျိုးဆက် ကျောင်းသားများမှတစ်ဆင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

''ကျွန်တော်တို့ကြားရသလောက် အဲဒီမှာက ငွေလှူလိုက်ရင် အဆင်မပြေဘူး။ အဲဒီတော့ ကျွန်တော်တို့က ဒီကနေ လိုအပ်တာတွေကို စီစဉ်ပြီး လှူဒါန်းသွားမယ်''ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီက ပြောပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ မနီလာသိန်းနှင့်မမီးမီး အပါအ၀င် အမျိုးသမီးသုံးဦးသည် ဇွန်လ ၂၀ ရက်နေ့တွင် စစ်တွေသို့ ကွင်းဆင်းလေ့လာသွားမည်ဖြစ်သည်။

၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့အား ရခိုင်ဘေးဒုက္ခသည်များ အတွက် လှူဒါန်းရန်အတွက် ဆက်သွယ်ထားသူ အများအပြားရှိပြီး ပထမအသုတ်အနေဖြင့် ပြည်သူများမှ လှူဒါန်းသော အ၀တ်အစား အိတ်ကြီးသုံးအိတ်နှင့် အိတ်သေးရှစ်အိတ် စုစုပေါင်း အ၀တ်အထည် ၂၀၀၀ ခန့်အား ဇွန်လ ၁၈ ရက်နေ့က ကားဖြင့် တင်ပို့လိုက်ပြီဖြစ်သည်။

အလှူငွေ လှူဒါန်းလိုသူများအနေဖြင့် ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်း၊ အမှတ် ၂၈၄(က)၊ ဝေဇယန္တာလမ်း၊ ၁၆/၃ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဖုန်း-၀၉-၄၄၈၀ ၂၄၄၄၈၊ ၀၉-၇၃၄၉၄၃၆၇ သို့ ဆက်သွယ် လှူဒါန်းနိုင်သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com