ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, June 21, 2012

 ပါကစ္စတန်ဝန်ကြီးချုပ် ဂီလာနီကို ၀န်ကြီးချုပ်ရာထူးအတွက် အရည်အချင်း မပြည့်မီသူအဖြစ် တရားရုံးချုပ်က စီရင်ချက်ချမှတ်

ပါကစ္စတန်ဝန်ကြီးချုပ် ဂီလာနီ(အလယ်) ဧပြီလ ၂၆ ရက်နေ့က တရားရုံးချုပ်သို့ ရောက်ရှိလာစဉ်
ပါကစ္စတန်ဝန်ကြီးချုပ် ဂီလာနီသည် တာဝန်ထမ်းရန် အရည်အချင်း ပြည့်မီသူမဟုတ်ဆိုသည့် စီရင်ချက်ကို ပါကစ္စတန် နိုင်ငံတော်တရားရုံးချုပ်က ဇွန်လ ၁၉ ရက်နေ့တွင် ချမှတ်ခဲ့သည်။ နိုင်ငံတော် တရားရုံးချုပ်၏ အမိန့်ချမှုသည် ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေး အကျပ်အတည်းတစ် ကျော့ ပြန်ဖြစ်လာနိုင်မှုဖြစ်သည်။

ဝန်ကြီးချုပ်အား ရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ဧပြီ ၂၆ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရမှုမှ ပြန်လည်အကျိုးသက်ရောက်မှုရှိပြီး ၎င်းကို အရည်အချင်း မပြည့်မီသူအဖြစ် ခုံအဖွဲ့ဝင် ခုနစ်ဦးပါဝင်သော နိုင်ငံတော် တရားရုံးချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန်သမ္မတ အလီဇာဒါရီ၏ ခြစားမှု စွဲချက်အဟောင်းများကို ပြန်လည်စစ်ဆေးရန်အတွက် ဆွစ်အာဏာပိုင်များကို အကူအညီ တောင်းခံရန် ညွှန်ကြားမှုအား ၀န်ကြီးချုပ်က ငြင်းဆန်ခဲ့ရာမှ ယခုဖြစ်စဉ်များ အစပြုခဲ့ခြင်းဖြစ်သည်။

''ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်မယ့် အယူခံဝင်မှု မရှိတဲ့နောက်မှာ စီရင်ချက်ကို အပြီးသတ် ချမှတ်ခဲ့တာပါ။ ဒါကြောင့် ၀န်ကြီးချုပ်ဂီလာနီဟာ ပါလီမန်ရဲ့ အဖွဲ့ဝင်အဖြစ်မှ ပိတ်ပင်ခံမှုဖြစ်လာတာပါ''ဟု တရားသူကြီးချုပ် အစ်ဖ်တီကာ မိုဟာမက်ချောင်ဒူရီက ရုံးတော်တွင် ဖတ်ကြားခဲ့သည်။ ဂီလာနီသည် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ်မှလည်း ရပ်စဲခံရမည်ဖြစ်သည်။
ဂီလာနီနှင့် အာဏာရပါကစ္စတန် ပြည်သူ့ပါတီ Pakistan People's Party သည် တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်ပြီး ၀န်ကြီးချုပ်ရာထူး ပြန်ရရေးအတွက် ငြင်းခုံမှု ပြု၊ မပြု ဆိုသည်ကို တိတိကျကျ မသိရှိရသေးပေ။ ၀န်ကြီးချုပ်သည် တရားရုံးချုပ်ထံ အယူခံ ၀င်နိုင်ကြောင်း၊ တစ်နည်းအားဖြင့် အာဏာရပါတီသည် ပြန်လည်အစားထိုးမှု ပြုနိုင်ကြောင်း နိုင်ငံရေး ဝေဖန်သုံးသပ်သူ Ahmed Meh-boob က စီအင်န်အင်န်သတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်တွင် PPP ပါတီ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် ၀န်ကြီးချုပ်ဖြစ်လာခဲ့သော ဂီလာနီကို တရားရုံးချုပ်က စီရင်ချက်ချပြီးနောက် သမ္မတဇာဒါရီသည် မဟာမိတ်များနှင့် ဆွေးနွေးခဲ့ပြီး ၀န်ကြီးချုပ်ရာထူးအတွက် ဆွေးနွေးခဲ့ကြသော်လည်း ကိုယ်စားလှယ်လောင်းကို မရွေးချယ်နိုင်ခဲ့ပေ။ ဇာဒါရီက ၀န်ကြီးချုပ်သစ်ရွေးချယ်ရန်အတွက် ဇွန်လ ၂၂ ရက်နေ့တွင် ပါလီမန်ခေါ်ယူရန် တောင်းဆိုခဲ့သည်။
PPP  ထောက်ခံသူများက တရားရုံးချုပ်သည် အတိုက်အခံ၊ စစ်တပ်တို့နှင့်ပူးပေါင်းကာ သမ္မတဇာဒါရီကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီရာထူးမှ ဖြုတ်ချရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။ ဇာဒါရီသည် လာမည့်နှစ်တွင် ပါကစ္စတန်၌ ငါးနှစ်သက်တမ်းကို အပြည့်အ၀ ထမ်းဆောင် နိုင်သည့် ပထမဆုံးအစိုးရအဖွဲ့ကို ဦးဆောင်သူဖြစ်လာမည်ဖြစ်သည်။

ဝန်ကြီးချုပ်အား ရာထူးမှဖယ်ရှားရန် တရားစီရင်ရေးဘက်မှ ၀င်ရောက် စွက်ဖက်ခြင်းကို ပါကစ္စတန်၌ ဝေဖန်မှုများရှိသော်လည်း ၀န်ကြီးချုပ်အပြောင်းအလဲသည် အစိုးရအဖွဲ့၏မူဝါဒကို အနည်းငယ်သာ သက်ရောက်မှုရှိမည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
Ref:CNN,AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com