ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 20, 2012

 အီဂျစ်သမ္မတဟောင်း မူဘာရက် ဦးနှောက်သွေးခဲမှုဝေဒနာ ခံစားရလျက်ရှိ

သမ္မတဟောင်း မူဘာရက်ကို ကုသပေးနေသော ကိုင်ရိုမြို့ပြင်ရှိ မာဒီစစ်ဆေးရုံကို ဇွန်လ ၂၀ ရက်နေ့က မြင်တွေ့ရစဉ်
အကျဉ်းကျနေသော အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက်သည် ဦးနှောက်သွေးခဲမှုဝေဒနာ ခံစားနေရပြီး နှလုံးခုန်စက်ကို အသုံးပြုနေရကာ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာခဲ့ပြီးနောက် စစ်ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ရကြောင်း နိုင်ငံပိုင် သတင်းဌာ MENA က ဇွန်လ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

မူဘာရက်သည် နှလုံးရောဂါနှင့် ဦးနှောက်သွေးပိတ်ဆို့မှုဝေဒနာအား ခံစားနေရသော်လည်း သတိမေ့မြောမှု မရှိသေးကြောင်းနှင့် သို့သော် နှလုံးခုန်ရပ်တန့်သွားခဲ့သောကြောင့် နှလုံးခုန်စက်အား နှစ်ကြိမ်မျှ အသုံးပြုခဲ့ရကြောင်း MENA က ဆက်လက်ဖော်ပြခဲ့သည်။

အသက် ၈၄ နှစ်အရွယ်ရှိသော အီဂျစ်သမ္မတဟောင်း မူဘာရက်သည် ၂၀၁၁ ခုနှစ် အစောပိုင်းက ၎င်း၏ အုပ်ချုပ်မှုအား ကန့်ကွက်ဆန္ဒပြခဲ့ကြသူ ၈၅၀ အား သတ်ဖြတ်နှိမ်နင်းခဲ့မှုဖြင့် ဇွန်လ ၂ ရက်နေ့တွင်ထောင် ဒဏ် တစ်သက်တစ်ကျွန်း ကျခံရန် ပြစ်ဒဏ်ချမှတ်ခံထားရသည်။

မူဘာရက်သည် စီရင်ချက် ချမှတ်ခံခဲ့ရပြီးနောက် ရောဂါအခြေအနေပိုမို ဆိုးရွားလာသောကြောင့် ကိုင်ရိုမြို့ရှိတိုရာ အကျဉ်းထောင်သို့ အထူးကြပ်မတ် ကုသရန် ပြောင်းရွှေ့ခဲ့ရသည်။ ထိုသို့ ပြောင်းရွှေ့ပြီးနောက် မူဘာရက်သည် စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုများပါ ဖြစ်ပေါ်လာကာ ရံဖန်ရံခါ အသက်ရှူ မမှန်မှုနှင့် သွေးတိုးမှုများလည်း ဖြစ်ပေါ်ခံစားနေရကြောင်း ပြည်ထဲရေးဝန်ကြီး၏ အရာရှိတစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။
သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ ကျင်းပခဲ့ပြီးနောက် မူဘာရက်၏ ကျန်းမာရေးသတင်း ပေါ်ထွက်လာရာ အီဂျစ်နိုင်ငံသမိုင်းတွင် အရေးကြီးဆုံး ၄၈ နာရီကို ကြုံခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံပိုင်နေ့စဉ်သတင်းစာ Al-Ahram က ဖော်ပြခဲ့သည်။

မူဘာရက်၏ဇနီး ဆူဇန်သည် ကိုင်ရိုတောင်ဘက်ရှိ မာဒီဆေးရုံတွင် ရောက်ရှိနေသော ခင်ပွန်းသည်ဘေးတွင် ရောက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။    

Ref:AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com