ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 20, 2012

စီးပွားရေးအကျပ်အတည်း အဆုံးသတ်ရန် ဆောင်ရွက်သွားမည်ဟု ဂရိဝန်ကြီးချုပ်သစ် ပြောကြား


ဝန်ကြီးချုပ်သစ် အန်တိုနစ်ဆာမရက်စ်(၀ဲ)ကို ဂရိသမ္မတ ကာရိုလော့စ်ပါပိုလီယက်စ်(အလယ်)က နှုတ်ဆက်နေစဉ်
ဂရိနိုင်ငံရေး ပါလီမန်ကြား ညွန့်ပေါင်းအစိုးရဖွဲ့ရန် သဘောတူညီချက် ရရှိခဲ့ပြီးနောက် ဇွန်လ ၂၀ ရက်နေ့က  ဂရိတွင် ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းနိုင်ခဲ့ပြီး ဒီမိုကရေစီသစ်ပါတီမှ ကွန်ဆာဗေးတစ်ခေါင်းဆောင် အင်တိုနစ် ဆာမရက်စ်သည် ၀န်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
ဇွန်လ ၁၇ ရက်နေ့က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒီမိုကရေစီသစ်ပါတီသည် ဆိုရှယ်လစ်ပါတီ ပါဆော့ဖ် (Pasok)၊ ဒီမိုကရက်တစ် လက်ဝဲပါတီတို့နှင့် ညွန်ပေါင်းအစိုးရ ဖွဲ့စည်းရန် သဘောတူညီချက် ရရှိခဲ့သည်။ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့ပြီးနောက် ၀န်ကြီးချုပ်ဖြစ်လာခဲ့သော ဆာမရက်စ်က ဂရိပြည်သူတို့ကို မျှော်လင့်ချက်များ ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ငါးနှစ်ကြာ စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေခဲ့ရသော ဂရိတွင် ဥရောပသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့တို့မှ အရေးပေါ် အကူအညီများ ရယူခဲ့သည်။ အသက် ၆၁ နှစ်အရွယ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆာမရက်စ်က အစိုးရအဖွဲ့ ရေရှည်တည်ငြိမ်မှုနှင့် မျှော်လင့်ချက်တို့ကို ပေးနိုင်သည့် သက်တမ်းရှည်မည့် အစိုးရတစ်ရပ် ဖွဲ့စည်းသွားရန် အင်အားအများစုကို ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခြိုးခြံချွေတာရေး အစီအစဉ်များကြောင့် စိတ်ပျက်နေကြသော ဂရိပြည်သူလူထု၏ ဖိအားကို အစိုးရအဖွဲ့သစ်အနေဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မစ္စတာဆာမရက်စ်သည် ဂရိတွင် ရှစ်လအတွင်း စတုတ္ထမြောက် ၀န်ကြီးချုပ် ဖြစ်သည်။ ဂရိတွင် အလုပ်လက်မဲ့ စံချိန်တင် မြင့်မားနေပြီး စီးပွားရေးမှာလည်း ယခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း ကျုံသွားဖွယ်ရှိသည်။
Ref:AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com