ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဗီယာသည် ဇွန်လ ၁၃ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
Peace Donor Support Group အဖွဲ့နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော နမ်ဗီယာသည် စစ်တွေမှတစ်ဆင့် မောင်တောသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ဗီဂျေးနမ်ဗီယာသည် နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်အတူ စစ်တွေသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဘာသာရေးခေါင်းဆောင် (၁၅)ဦးလည်း အတူလိုက်ပါ လာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်