မြန်မာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေ ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ကြောင်း ကြက်ခြေနီ အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားချက်များအရ သိရှိရပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေကို ၁၉၅၉ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရန်နှင့် နိုင်ငံတကာ ကြက်ခြေနီ အခြေခံမူများ ပိုမိုပီပြင်လေးစားလိုက်နာ ဆောင်ရွက်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြင်ဆင်ရေးဆွဲရခြင်းဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အက်ဥပဒေကို လာမယ့် ဒီဇင်ဘာလမှာ ပြဋ္ဌာန်းနိုင်အောင် လုပ်နေပါတယ်။ ဥပဒေပြင်ဆင်ဖို့အတွက် ၂၀၀၇ ခုနှစ်ကတည်းကစပြီး ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ပေမယ့် အဲဒီအချိန်တုန်းက ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပေါ်ပေါက်ဖို့ လုပ်နေကြတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ထွက်တာကိုစောင့်ပြီး ဥပဒေ ပေါ်ပေါက်လာတဲ့အခါကျမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြန်လည်ရေးဆွဲခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ပထမမူကြမ်းကို လုပ်ဆောင်ပြီးပါပြီ''ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်