ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 20, 2012

ပုဂ္ဂလိက ၀န်ထမ်းများ၏ အခြေခံလုပ်ခလစာနှင့် ခံစားခွင့်များအား ဥပဒေအဖြစ် သတ်မှတ်ပြဋ္ဌာန်း ပေးနိုင်မည့် ဥပဒေကြမ်းကို စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုမည်


ပုဂ္ဂလိက၀န်ထမ်းများ၏ အခြေခံလုပ်ခလစာနှင့် ခံစားခွင့်များအား ဥပဒေအဖြစ် သတ်မှတ်ပြဋ္ဌာန်းပေး နိုင်မည့် ဥပဒေကြမ်းကို ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် စတင် ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ကြောင်း လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အလုပ်သမားများ၏ ထိုက်သင့်သော အခြေခံလုပ်ခလစာများ မရရှိ သည့်အတွက် မေလအတွင်း၌ ရန်ကုန်မြို့အပါအ၀င် နယ်မြို့အချို့တွင် အလုပ်သမားများ၏ ဆန္ဒဖော်ထုတ်မှု များရှိခဲ့သည်။ ထိုကြောင့် သက်ဆိုင် ရာမှ အလုပ်ရှင်နှင့် အလုပ်သမားများအကြား လုပ်ခလစာ ညှိနှိုင်းပေးမှုများ ပြုလုပ်ပေးခဲ့သော်လည်း အဆိုပါ ညှိနှိုင်းပေးမှုမှာ ယာယီသတ်မှတ်ချက် တစ်ခုသာ ဖြစ်သည့်အတွက် ယခုကဲ့သို့ ဥပဒေအဖြစ် ထုတ်ပြန် အတည်ပြုနိုင်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာ တာ ၀န်ရှိသူတစ်ဦးက “ကျွန်မတို့ဆီကို ပုဂ္ဂလိက၀န်ထမ်းတွေရဲ့ အခြေခံလုပ် ခလစာ၊ ခံစားခွင့်တွေနဲ့ သက်ဆိုင်တဲ့ ဥပဒေကြမ်းတစ်ခု ဇွန်လ ၁၈ ရက်နေ့ မှာ သက်ဆိုင်ရာဝန်ကြီးဌာနကနေ ပေးပို့ရောက်ရှိလာပါတယ်။ အဲဒီ ဥပဒေကြမ်းကို ဇူလိုင်လ ၄ ရက်နေ့မှာ စတင်ကျင်းပမယ့် စတုတ္ထအကြိမ် လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေဆီ ဖြန့်ဝေသွားဖို့ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံ တော်သမ္မတမှ ပြည်ထောင်စုဝန်ကြီး များအပါအ၀င် ဌာနဆိုင်ရာအကြီး အကဲများအား ပြောကြားသောမိန့်ခွန်း တွင်လည်း ပြည်သူများအား အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရာ တွင် အလုပ်ရရုံ သက်သက်မဟုတ်ဘဲ ထိုက်သင့်သော အခြေခံလုပ်ခလစာ များ ပြည့်ပြည့်၀၀ရရှိရေးအတွက် အလေးထား ဆောင်ရွက်ပေးရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ယင်းဥပဒေကြမ်းကို အလုပ်သမားဝန်ကြီးဌာနမှ ရေးဆွဲထားခြင်း ဖြစ်သည်။ အလုပ်သမား ၀န်ကြီးဌာနမှ စက်မှုဇုန်များရှိ စက်ရုံအလုပ်သမား ၏ အနိမ့်ဆုံး ယာယီလစာအား ကျပ် ၅၆၇၀၀ အဖြစ် ယာယီသတ်မှတ်ထား ကြောင်း သိရှိရသည်။
လှိုင်သာယာစက်မှုဇုန်မှ စက်ရုံလုပ်သားတစ်ဦးက”အရင်တုန်းကဆို စက်မှုဇုန်ထဲက စက်ရုံတော်တော်များများမှာ အလုပ်သမားတွေရဲ့အခြေခံ ပျမ်းမျှလစာက ကျပ် ၈၀၀၀ ကနေ ၃၀၀၀၀ ကြားပဲရှိတယ်။ စ၀င်ခါစ အလုပ်သမားဆိုရင် OT ကြေး၊ ထုတ်လုပ်မှုစရိတ်၊ ရှားပါးစရိတ်နဲ့အခြေခံ လစာအားလုံးပေါင်းမှ ကျပ် ၃၀၀၀၀ ကျော် ၄၀၀၀၀ လောက် ပဲရကြတာ။ စားဝတ်နေရေးအတွက် အရမ်းအခက်အခဲ ရှိပါတယ်။ အခု ကျွန်မတို့ စက်ရုံ ၀န်ထမ်းတွေ ဆန္ဒဖော်ထုတ်ပြီးနောက် ပိုင်းမှာ သက်ဆိုင်ရာက အခြေခံလစာ ကို  အနိမ့်ဆုံး ကျပ် ၅၆၇၀၀ အဖြစ် ယာယီသတ်မှတ်ပေးခဲ့လို့ နည်းနည်း အသက်ရှူချောင်သွားတယ်။ အလုပ်ရှင်တွေအနေနဲ့လည်း သက်ဆိုင်ရာ က သတ်မှတ်ပေးထားတဲ့အတိုင်း လိုက်လျောပေးစေချင်ပါတယ်။ လွှတ်တော် မှာဆွေးနွေးတဲ့အခါမှာလည်း ပုဂ္ဂလိက ၀န်ထမ်းတွေရဲ့ အနည်းဆုံးလုပ်ခလစာကို ကျပ်၆၀၀၀၀ ကနေ ၈၀၀၀၀ ကြား သတ်မှတ်ပေးစေချင်ပါတယ်” ဟု ပြောပြခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com