ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 6, 2012

ဒုတိယ၀န်ကြီးနှစ်ဦးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး နုတ်ထွက်

ဒုတိယ၀န်ကြီးနှစ်ဦးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးအား အသီးသီး ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇွန်လ ၅ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(ခ)တို့အရ ဦးတင့်လွင်(ဒုတိယ၀န်ကြီး၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)နှင့်ဦးစိုးအောင် (ဒုတိယ၀န်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန) တို့အား မိမိသဘောဆန္ဒအလျှောက် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးသာဦးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(က) နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ခ)တို့အရ မိမိသဘောဆန္ဒအလျှောက် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com