ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 13, 2012

 ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ NDFမှ သဘောထားကြေညာချက် ထုတ်ပြန်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အရေးအခင်းများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ သဘောထား ကြေညာချက်တစ်ရပ်ကို ဇွန်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် ရခိုင်ပြည်နယ် ကျောက်နီမော်အမှုမှ တောင်ကုတ်နှင့် မောင်တောမြို့များတွင် ပဋိပက္ခများဖြစ်ပွားကာ စစ်တွေ၊ ရမ်းဗြဲမြို့နယ်များအထိ ကူးစက်ခဲ့သော ဖြစ်ရပ်များဖြစ်ပြီး ရခိုင်ပြည်သူတို့အနေဖြင့် လုံခြုံရေး အကာအကွယ်ကို အချိန်မီ မရရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် အုပ်ချုပ်ရေးအာဏာဖြင့် အချိန်မီ ဟန့်တားနိုင်ခြင်း မရှိခဲ့သဖြင့် နောက်ဆက်တွဲ ဖြစ်ရပ်ဆိုးများကို ကြုံတွေ့ရခြင်းဖြစ်သည်ဟု ရှုမြင်ပါကြောင်း၊ စင်စစ်တွင် ရမ်းဗြဲမှ စတင်ဖြစ်ပွားခဲ့သော အမှုကိစ္စအားလုံးသည် ရာဇ၀တ်မှုများသာဖြစ်၍ ဤသည်တို့ကို တည်ဆဲတရားဥပဒေ တို့နှင့်အညီ ထိရောက်စွာ ဖြေရှင်းပေးရမည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ရာ လူမျိုးနှစ်မျိုးအကြား၊ ဘာသာနှစ်ရပ်အကြား အခြေခံ၍ ဖြစ်ပွားခဲ့သည် မဟုတ်ဘဲ လူတစ်စု၊ လူအုပ်စုတစ်စု၏ စိတ်ဆန္ဒနှင့် ပေါက်ကွဲမှု ဒေါသတို့ကြောင့် ပဋိပက္ခမီး ပိုမိုတောက်လောင်ကာ ရခိုင်ပြည်သူတို့ အနေဖြင့် လူမှုဒုက္ခများကို တွေ့ကြုံ ခံစားနေကြရပြီ ဖြစ်ပါကြောင်းနှင့် ဤအရေးအခင်းကို  အခြားသော ရှု့ထောင့်တို့မှ ရှုမြင်ခြင်းထက် အေးချမ်းစွာ နေထိုင်လိုကြသော နိုင်ငံသားများ၏ လူမှုစီးပွားရေးဘ၀နှင့် အသက်အိုးအိမ် လုံခြုံမှုတို့ကို ခြိမ်းခြောက်ခံနေရခြင်းတို့ကို အမြန်ဆုံး ပြေငြိမ်းပပျောက်စေရန် လုပ်ဆောင်ခြင်းက ပို၍အရေးကြီးလှပါသည်ဟု ပါရှိသည်။

ထို့အပြင် ဤဖြစ်ပေါ်လာသော အရေးကိစ္စများမှာ ပြည်တွင်းရေးသာ ဖြစ်သည့်အတွက် ပြင်ပမည်သည့် နိုင်ငံများကမျှ  မည်သည့်အကြောင်းနှင့်မဆို မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါး၍ စွက်ဖက်လှုံ့ဆော်မူမျိုး မဖြစ်စေရန် လိုလားပါကြောင်း၊ သို့ပါ၍ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းစသည့် မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံး ရရှိအပ်သည့် အခြေခံအခွင့်အရေးများကို ရရှိစေရန်၊ တရားဥပဒေ စိုးမိုးရေးနှင့်မျှတသော တရားစီရင်ရေးစနစ်တို့ကိုဖြစ်စေပြီး ဥပဒေကို ကျူးလွန်ချိုးဖောက်မှုများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရန်၊ ဥပဒေ၏ မူလရည်ရွယ်ချက်ဖြစ်သော ပြည်သူတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန်တို့ကို အဆင့်ဆင့်သော အာဏာပိုင် အဖွဲ့အစည်းတို့မှ စဉ်ဆက်မပြတ် အားထုတ်ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း ကြေညာအပ်ပါသည်ဟု ပါရှိသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com