ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 13, 2012

 ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် Peace Donor Support Group မှ တာဝန်ရှိ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် Peace Donor Support Group ၏ တာဝန်ရှိ အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား နှုတ်ဆက်နေစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် Peace Donor Support Group မှ ဦးဆောင် ဆက်သွယ်နိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၊ သြစတြေးလျနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်အဖွဲ့တို့နှင့် ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC) ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတကြီးက ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်အဖွဲ့များသည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကပင် ယုံမှား သံသယဖြစ်မှုများအပေါ် အခြေခံ၍ တိုက်ခိုက်နေခဲ့ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက် ရေးလုပ်ငန်းများအား ယခင်အစိုးရ အဆက်ဆက်ကပင် ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုအချို့ ရရှိခဲ့သော်လည်း မအောင်မြင်မှုများလည်း ရှိခဲ့ကြောင်း၊ မိမိတို့ အစိုးရလက်ထက်တွင် နိုင်ငံတစ်ဝန်းလုံး ထာဝရငြိမ်းချမ်းရေး ရရှိစေရန် အစိုးရအဖွဲ့ စတင်တာဝန်ယူချိန်မှစ၍ အဆိုပါ လက်နက်ကိုင်အဖွဲ့များအား တစ်ဖွဲ့ချင်း ထိတွေ့ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ယခုအခါလက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့် ထိတွေ့ဆက်ဆံ နားလည်မှုများ ရရှိနေပြီဖြစ်ကြောင်း၊ ထိုသို့ ဒေသရှိ ပြည်သူများအနေဖြင့်လည်း အေးချမ်းတည်ငြိမ်မှု အသီးအပွင့်များ စတင် ခံစားနေရပြီဖြစ်ကြောင်း၊ ကချင်ပြည်နယ် အတွင်းရှိ ကေအိုင်အေ လက်နက်ကိုင် အဖွဲ့အစည်းနှင့်လည်း ထိတွေ့ဆက်သွယ်မှုများ ဆောင်ရွက်နေပြီဖြစ်ရာ မကြာမီ အခြေအနေကောင်းများ မြင်တွေ့ရမည်ဟု ယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိပြီး ဒေသများရှိ ပြည်သူများ၏ စား ၀တ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေး စသည့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ရှိသေးကြောင်း ထိုလုပ်ငန်းများ အောင်မြင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အကူအညီများ အမှန်တ ကယ် လိုအပ်ပါကြောင်း၊ ဤသို့ ဆောင်ရွက်နိုင်ရန် အဓိက လိုအပ်ချက်ဖြစ်လာမည့် ငွေကြေး၊ နည်းပညာနှင့် အတွေ့အကြုံကောင်းများကို မျှဝေပေးစေလိုပါကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများအား နော်ဝေနိုင်ငံ၊ သြစတြေးလျနိုင်ငံကဲ့သို့ အပြည့်အ၀ ဖြေလျော့ပေးစေလိုပါကြောင်း၊ မကြာမီ အပြီးတိုင် ရုပ်သိမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုလတ်တလော ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များသည် ရှုပ်ထွေးနက်နဲသော နောက်ခံအကြောင်းအရာများကို အခြေခံပြီး ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အတတ်နိုင်ဆုံး အပျက်အစီး အသေအပျောက် နည်းပါးအောင် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အိုးအိမ်ပစ္စည်း ဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် အစိုးရအနေဖြင့် လောလောဆယ် ထောက်ပံ့ပေးနိုင်သည့် အနေအထားတွင် ရှိနေပါကြောင်း၊ သံအမတ်ကြီးများ၏ စိုးရိမ်မှုများကိုလည်း နားလည်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
ယင်းနောက် ကိုယ်စားလှယ်အဖွဲ့များမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်နှင့်  ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဗွီဂျေနမ်ဘီးယားက သမ္မတကြီးအား လာမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ပါရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မျှော်လင့်နေပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေး ရန်ပုံငွေမှ ကနဦး အမေရိကန်ဒေါ်လာ ငါးသန်း ထည့်ဝင်သွားမည်ဖြစ်ပြီး လုပ်ငန်းများ လက်တွေ့ စတင်အကောင်အထည်ဖော်ချိန်တွင် ထပ်မံထည့်ဝင်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

၎င်းနောက် ဗြိတိန်နိုင်ငံ သံအမတ်ကြီးက ဗြိတိန်နိုင်ငံဝန်ကြီးချုပ်မှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အသိအမှတ်ပြုပါကြောင်းနှင့် အဆိုပါ လုပ်ငန်းစဉ်များကို မိတ်ဖက်ဆောင်ရွက်မှုများအပေါ် အခြေခံ၍ ဆောင်ရွက်နေခြင်း အတွက် အပြည့်အ၀ ထောက်ခံသွားမည်ဖြစ် ကြောင်း၊ ယခုနှစ်နှစ်ကုန်ပိုင်းတွင် သမ္မတကြီးအား ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ပါရန် ဖိတ်ကြားပါကြောင်းကို အမှာပါးလိုက်ပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယခုကဲ့သို့ အလေးထား ဆောင်ရွက်နေခြင်းကြောင့် အမေရိကန်ဒေါ်လာ ငါးသန်းကို လက်တလော လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရေးနှင့် လာမည့်သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ပေးအပ်ကူညီသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ်ဌာနေ ကိုယ်စားလှယ်က ကြွေးမြီပေးဆပ်ရေး ဆွေးနွေးညှိနှိုင်းပြီးပါက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုးနှုန်း သက်သာသည့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကို နှစ်စဉ် ချေးယူနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

Peace Donor Support Group (PDT) တွင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်တို့ကဲ့သို့ အဖွဲ့အစည်းများပါဝင်ပြီး မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် အကူအညီများ ပေးအပ်ရန် ဖွဲ့စည်းမှုတစ်ခုဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲမှ ရရှိသော သဘောတူညီချက်များ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဗဟိုဌာနကိုလည်း ဖွဲ့စည်းထူထောင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ခြင်းလုပ်ငန်းများကို မဟာဗျူဟာမြောက် အထောက်အကူပြုနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင် စီမံထားကြောင်း သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com