ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Sunday, June 10, 2012

 ယာဉ်အိုယာဉ်ဟောင်း အပ်နှံကာ တင်သွင်းသည့် ကားများ နှင့် တက္ကစီအဖြစ် တင်သွင်းမည့် ကားများအပေါ် ကညနမှတ်ပုံတင်ကြေး လျှော့ချပေးရန် OSS အဖွဲ့အတွင်း ညှိနှိုင်းရန်


ကားဟောင်းများအပ်နှံကာ တင်သွင်းလာသည့် ကားသစ်များ နှင့် တက္ကစီအဖြစ်ပြုလုပ်ရန် တင်သွင်းလာသည့် ကားများအပေါ် ကောက်ခံနေသော ကညနယာဉ် မှတ်ပုံတင်ကြေးအား လျှော့ချရန် အတွက် OSS အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသော စီးပွားကူးသန်းဝန်ကြီးဌာနမှ ကညနသို့ တိုက်တွန်း ပြောကြားထားကြောင်း သတင်းရရှိပါသည်။
“ကားဟောင်းအပ်နှံပြီးမှ တင်သွင်းရတဲ့သူတွေ အနေနဲ့ ဒီထက်ပိုမိုတဲ့ သက်သာခွင့်တစ်ရပ်ရပ် ရရှိစေဖို့၊ ဒီထက်သာတဲ့ အခြေအနေရရှိစေဖို့ ရည်ရွယ်ပြီး လုပ်တာပါ။ ကျွန်တော်တို့ ကညနကို တိုက်တွန်းပြောကြား ထားပါတယ်။ ကညနမှတ်ပုံတင်ကြေးကို လျော့ချပေးဖို့ပါ။ ကားဟောင်းအပ်ပြီး သွင်းတဲ့ ကားနဲ့တက္ကစီအဖြစ် တင်သွင်းမယ့် ကားတွေကို လျှော့ချပေးဖို့ အတွက်ပါ”ဟု OSS အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသော စီးပွားကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကျွန်တော်တို့ ကညနကို တိုက်တွန်း ပြောကြားထားပါတယ်။ ကညနမှတ်ပုံတင်ကြေးကို လျှော့ချပေးဖို့ပါ။ ကားဟောင်းအပ်ပြီး သွင်းတဲ့ ကားနဲ့ တက္ကစီအဖြစ် တင်သွင်းမယ့် ကားတွေကို လျှော့ချပေးဖို့ အတွက်ပါ

ယခုအခါ ပြင်ပတွင် ကညန မှတ်ပုံတင်လျှော့ပေးမည်ဟု သတင်းများထွက်ပေါ်နေပြီး ကညန တာဝန် ရှိသူတစ်ဦးကလည်း လက်ရှိအချိန်အထိ ညွှန်ကြားစာ မထွက်သေးသော်လည်း ကောင်းမွန်သည့် အစီအစဉ်အဖြစ် လက်ခံလုပ်ဆောင်နိုင်ဖွယ် ရှိကြောင်း ပြောကြားခဲ့သည်။
“အပြင်မှာလည်း လျှော့ပေးမယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ ကျွန်တော်တို့ဆီကိုတော့ တရားဝင် ညွှန်ကြားချက် မထုတ်ပြန်သေးပါဘူး။ ဒီနေ့ ဇွန်လ ၈ ရက်နေ့အထိ မထုတ်ပြန်သေးတာပါ။ ဒါပေမယ့် ဒီအစီအစဉ်က ကောင်းတဲ့အစီအစဉ်အဖြစ် ကျွန်တော်တို့လည်း လက်ခံထားတဲ့အတွက် ဒီနေ့အထိ ညွှန်ကြားချက် မထုတ်ပြန်သေးတာလို့ပဲ ပြောထားတာပါ”ဟု ကညနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့ပါသည်။
လက်ရှိအနေအထားအရ ကားဟောင်းပိုင်ရှင်များမှာ မည်သည့် အခွင့်အရေး တစ်ရပ်ရပ်မှ မရရှိဘဲ မူဝါဒ အပြောင်းအလဲများတွင် နစ်နာရသည်သာ များပြားကြောင်း၊ ယခုကဲ့သို့ လျှော့ချပေးမည်ဆိုပါက အနည်းငယ် သက်သာရာရဖွယ်ရှိကြောင်း ကားဟောင်းပိုင်ရှင်များက ပြောကြားခဲ့သည်။
“လျှော့ပေးမယ်ဆိုရင်တော့ နည်းနည်း သက်သာရာရတာပေါ့။ အခုကတော့ ကားဟောင်းတစ်စီး ထိုးအပ်လိုက်ရတာပဲ အဖတ်တင်တယ်။ ကားဟောင်း ပိုင်ရှင်တိုင်း ခါးစည်းခံနေရတာ သိနေတာပဲလေ။ ဆုပ်လည်းဆူး စားလည်းရူး အဖြစ် ရောက်နေတာ။ အပ်လိုက်တဲ့ ကားတစ်စီးဆုံးသွားမယ်၊ ပြန်သွင်းရင် သူများတန်းတူ အခွန် ဆောင်၊ သူများကားတစ်စီးသွင်းတဲ့ ကုန်ကျစရိတ်အတိုင်း အကုန်အကျခံ ပြန်သွင်းရတာ ဘာမှသက်သာရာ မရဘူးလေ။ အခုလျှော့ပေးမယ်ဆိုရင်တော့ နည်းနည်းသက်သာရာ ရသွားမှာပေါ့”ဟု ကားဟောင်းပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com