ထိုင်းနိုင်ငံသို့ ရောက်ရှိလာစဉ်
MWRN Learning Center သို့ ရောက်ရှိလာစဉ်
မဟာချိုင်ရှိ Talaat Kung (ပုစွန်ဈေး)သို့ ရောက်ရှိစဉ်
မဟာချိုင်ရှိ Talaat Kung (ပုစွန်ဈေး)သို့ ရောက်ရှိစဉ်
မဟာချိုင်ရှိ Talaat Kung (ပုစွန်ဈေး)သို့ ရောက်ရှိစဉ်
MWRN Learning Center မှ မိန့်ခွန်းပြောကြားစဉ်
MWRN Learning Center သို့ မြန်မာရွေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံနေစဉ်
MWRN Learning Center သို့ မြန်မာရွေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံနေစဉ်
မဟာချိုင်ရှိ Talaat Kung (ပုစွန်ဈေး)မှ ထွက်ခွာစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်ရှိ မြန်မာရွေ့ပြောင်း အလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် MWRN Learning Center ၌ပင် တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
''ဒီက အလုပ်သမားရေးရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးတာပါ။ လုပ်ငန်းပေါင်းစုံက အလုပ်သမား ကိုယ်စားလှယ် ၃၀ဦးနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ၂၇ဦးပဲ တက်ရောက်နိုင်ခဲ့ပါတယ်''ဟု မဟာချိုင်ရှိ HRDP(Human Right Dev elopment Foundation) မှ ဦးတိုးက ပြောပါသည်။
''ဒီမှာရှိနေတဲ့ အလုပ်သမားတွေရဲ့ ထိခိုက်ဒဏ်ရာရမှု အခြေအနေတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြားက ပြဿနာတွေ၊ လူမျိုးရေး နှိမ့်ချဆက်ဆံခံရခြင်းတွေ၊ ခွဲခြားဆက်ဆံခံရခြင်းတွေ၊ နောက်ပြီး မိန်းကလေးတွေ အနိုင်ကျင့်ခံရတာနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ဆွေး နွေးခဲ့ပါတယ်''ဟု ဦးတိုးက ဆက်လက်ပြောပြသည်။
ဆွေးနွေးမှုများအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ချက် နှစ်ခုပေးခဲ့ပြီး မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် ပြဌာန်းထားသော ဥပဒေများကို နားမလည်မှုများသည်ဟု ယူဆရကြောင်းနှင့် ထိုင်းအစိုးရ ဘက်ကလည်း မြန်မာအလုပ်သမားများ နားလည်အောင် အသိပညာပေးမှု အားနည်းခဲ့သည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်ပါသည်။
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်