တရုတ်-မြန်မာနယ်စပ်ရှိ ပိုက်လိုင်းစီမံကိန်းတစ်ခုအား မြင်တွေ့ရစဉ်
နိုင်ငံခြား ကုမ္ပဏီသစ်များ တိုးလာမှုတွင် တရုတ်ကုမ္ပဏီများသာ အများဆုံးဖြစ်ပြီး အဆိုပါ တရုတ်ကုမ္ပဏီများထဲတွင် အများစုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှတစ်ဆင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတွင်းထွက်ကဏ္ဍများ တွင်သာ မြှုပ်နှံခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကုန်ထုတ်လုပ်မှုကဏ္ဍတွင်မူ တရုတ်ကုမ္ပဏီသစ်များ ၀င်ရောက်မြှုပ်နှံမှုမှာ အနည်းအကျဉ်းသာရှိပြီး မရှိသလောက် နည်းပါးခဲ့သည်ဟုလည်း သိရသည်။
| နိုင်ငံခြားကုမ္ပဏီသစ်များ တိုးလာမှုတွင် တရုတ်ကုမ္ပဏီများသာ အများဆုံးဖြစ်ပြီး အဆိုပါတရုတ်ကုမ္ပဏီများထဲတွင် အများစုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှတစ်ဆင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတွင်းထွက် ကဏ္ဍများတွင်သာ မြှုပ်နှံခြင်းဖြစ်ကြောင်း . . . |
အစိုးရသစ်လက်ထက်တွင် တစ်နှစ်အတွင်း တရုတ်၊ ကိုရီးယား၊ ဗြိတိန်အပါအ၀င် နိုင်ငံအချို့မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၄၅ ဘီလျံကျော်သာ ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၄၅ ဘီလျံ၌ တရုတ်တစ်နိုင်ငံတည်းမှ အမေရိကန်ဒေါ်လာ ၄ ဒသ မ ၃၄၅ ဘီလျံကျော်ကို မြှုပ်နှံခဲ့ခြင်းဖြစ်၍ ယခုလက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်လက်ထက်တွင် တရုတ်တစ်နိုင်ငံတည်းမှပင် လာရောက်မြှုပ်နှံသည့် သဘောမျိုးဖြစ် နေကြောင်းလည်း သုံးသပ်ကြသည်။
''ထုတ်ပြန်ချက်တွေအရဆိုရင်တော့ နိုင်ငံခြားကုမ္ပဏီ ၃၀ ကျော် ၀င်လာတယ်။ နိုင်ငံခြားကုမ္ပဏီ ၃၀ ကျော်က အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၄၅ ဘီလျံကျော် မြှုပ်နှံတယ်။ ဒီအထဲမှာ တရုတ်တစ်နိုင်ငံတည်းက အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၅ ဘီလျံကျော် ၀င်လာတာဖြစ်လို့ တရုတ်တစ်နိုင်တည်း လာနေသလို ဖြစ်တယ်။ ပြီးတော့ လျှပ်စစ်စွမ်းအားကဏ္ဍတစ်ခုထဲမှာပဲ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၃ တိုးတယ်ဆိုတော့ တရုတ်က အဲဒီအထဲမှာပဲ သီးသန့်မြှုပ်နှံသွားတယ်ဆိုတာ ထင်ရှားတယ်။ ဒီတော့တိုးလာတဲ့ နိုင်ငံခြား ကုမ္ပဏီတွေထဲမှာလည်း တရုတ် က အများဆုံးဆိုတာ တွက်ပြစရာတောင် မလိုပါဘူး။ ဒါပေမယ့် တရုတ်က သီးသန့်မြှုပ်နှံတယ်ဆိုပေမယ့်လည်း ဥပမာ ကုန်ထုတ်လုပ်မှု စိုက်ပျိုးရေး ရေထွက်ကုန် ဟိုတယ်လိုလုပ်ငန်းတွေမှာ လာပြီးမြှုပ်နှံတယ်ဆိုရင် ပြောစရာမရှိပါဘူး''ဟု စီးပွားရေးပါမောက္ခ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းက စင်ကာပူနိုင်ငံ မြှုပ်နှံမှုများထဲမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ သန်း ပြန်လည်လျော့ကျသွားခဲ့ကြောင်းလည်း သိရသည်။
| နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ (အမေရိကန်ဒေါ်လာ၊ ဘီလျံ) |
|---|
| ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် မတ်လ ၃၁ ရက်ထိ - ၁၆ .၀၅ ဘီလျံ |
| ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်ထိ - ၃၁ .၈၉၆ ဘီလျံ |
| ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် အောက်တိုလ ၃၁ ရက်ထိ - ၃၁ .၉၅၈ ဘီလျံ |
| ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်ထိ - ၃၁ .၉၅၈ ဘီလျံ |
| ၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်ထိ - ၃၅ .၅၁၈ ဘီလျံ |
| ၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်ထိ - ၃၆ .၀၅၄ ဘီလျံ |
| ၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်ထိ - ၄၀ .၆၉၉ ဘီလျံ |
| နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးခြောက်နိုင်ငံ (အမေရိကန်ဒေါ်လာ၊ သန်း) | |||
|---|---|---|---|
| နိုင်ငံအမည် | ပမာဏ (၃၁-၃-၂၀၁၀) | ပမာဏ (၃၁-၃-၂၀၁၁) | ပမာဏ (၃၁-၃-၂၀၁၂) |
| ၁။ တရုတ် | ၁၈၄၈ .၅၆ | ၉၆၀၃ .၁၆၈ | ၁၃၉၄၈ .၈၉၆ |
| ၂။ ထိုင်း | ၇၄၂၂ .၀၉၃ | ၉၅၆၈ .၀၉၃ | ၉၅၆၈ .၀၉၃ |
| ၃။ ဟောင်ကောင် | ၅၁၀ .၂၁၈ | ၆၃၀၈ .၄၉၅ | ၆၃၀၈ .၄၉၅ |
| ၄။ ကိုရီးယား | ၂၃၉ .၃၁၈ | ၂၉၁၅ .၇၁၇ | ၂၉၄၁ .၂၈၉ |
| ၅။ ဗြိတိန် | ၁၈၆၀ .၉၅ | ၂၆၅၉ .၉၅၄ | ၂၇၅၉ .၇၈၅ |
| ၆။ စင်ကာပူ | ၁၅၉၂ .၄၄၃ | ၁၈၁၈ .၆၁၃ | ၁၈၀၄ .၀၁၃ |
| နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍ ၅ မျိုး ၂၀၁၀ မတ်လကုန် ရပ်တည်မှု (အမေရိကန်ဒေါ်လာ-သန်း) | နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍငါးမျိုး ၂၀၁၁ မတ်လကုန် ရပ်တည်မှု (အမေရိကန်ဒေါ်လာ-သန်း) | နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍငါးမျိုး ၂၀၁၂ မတ်လကုန်ရပ်တည်မှု (အမေရိကန်ဒေါ်လာ-သန်း) | ||||||||||||||||||||||||||||||||||||
|
|
|



0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်