တရုတ်-မြန်မာနယ်စပ်ရှိ ပိုက်လိုင်းစီမံကိန်းတစ်ခုအား မြင်တွေ့ရစဉ်
နိုင်ငံခြား ကုမ္ပဏီသစ်များ တိုးလာမှုတွင် တရုတ်ကုမ္ပဏီများသာ အများဆုံးဖြစ်ပြီး အဆိုပါ တရုတ်ကုမ္ပဏီများထဲတွင် အများစုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှတစ်ဆင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတွင်းထွက်ကဏ္ဍများ တွင်သာ မြှုပ်နှံခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကုန်ထုတ်လုပ်မှုကဏ္ဍတွင်မူ တရုတ်ကုမ္ပဏီသစ်များ ၀င်ရောက်မြှုပ်နှံမှုမှာ အနည်းအကျဉ်းသာရှိပြီး မရှိသလောက် နည်းပါးခဲ့သည်ဟုလည်း သိရသည်။
နိုင်ငံခြားကုမ္ပဏီသစ်များ တိုးလာမှုတွင် တရုတ်ကုမ္ပဏီများသာ အများဆုံးဖြစ်ပြီး အဆိုပါတရုတ်ကုမ္ပဏီများထဲတွင် အများစုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှတစ်ဆင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတွင်းထွက် ကဏ္ဍများတွင်သာ မြှုပ်နှံခြင်းဖြစ်ကြောင်း . . . |
အစိုးရသစ်လက်ထက်တွင် တစ်နှစ်အတွင်း တရုတ်၊ ကိုရီးယား၊ ဗြိတိန်အပါအ၀င် နိုင်ငံအချို့မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၄၅ ဘီလျံကျော်သာ ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၄၅ ဘီလျံ၌ တရုတ်တစ်နိုင်ငံတည်းမှ အမေရိကန်ဒေါ်လာ ၄ ဒသ မ ၃၄၅ ဘီလျံကျော်ကို မြှုပ်နှံခဲ့ခြင်းဖြစ်၍ ယခုလက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်လက်ထက်တွင် တရုတ်တစ်နိုင်ငံတည်းမှပင် လာရောက်မြှုပ်နှံသည့် သဘောမျိုးဖြစ် နေကြောင်းလည်း သုံးသပ်ကြသည်။
''ထုတ်ပြန်ချက်တွေအရဆိုရင်တော့ နိုင်ငံခြားကုမ္ပဏီ ၃၀ ကျော် ၀င်လာတယ်။ နိုင်ငံခြားကုမ္ပဏီ ၃၀ ကျော်က အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၄၅ ဘီလျံကျော် မြှုပ်နှံတယ်။ ဒီအထဲမှာ တရုတ်တစ်နိုင်ငံတည်းက အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၅ ဘီလျံကျော် ၀င်လာတာဖြစ်လို့ တရုတ်တစ်နိုင်တည်း လာနေသလို ဖြစ်တယ်။ ပြီးတော့ လျှပ်စစ်စွမ်းအားကဏ္ဍတစ်ခုထဲမှာပဲ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၃ တိုးတယ်ဆိုတော့ တရုတ်က အဲဒီအထဲမှာပဲ သီးသန့်မြှုပ်နှံသွားတယ်ဆိုတာ ထင်ရှားတယ်။ ဒီတော့တိုးလာတဲ့ နိုင်ငံခြား ကုမ္ပဏီတွေထဲမှာလည်း တရုတ် က အများဆုံးဆိုတာ တွက်ပြစရာတောင် မလိုပါဘူး။ ဒါပေမယ့် တရုတ်က သီးသန့်မြှုပ်နှံတယ်ဆိုပေမယ့်လည်း ဥပမာ ကုန်ထုတ်လုပ်မှု စိုက်ပျိုးရေး ရေထွက်ကုန် ဟိုတယ်လိုလုပ်ငန်းတွေမှာ လာပြီးမြှုပ်နှံတယ်ဆိုရင် ပြောစရာမရှိပါဘူး''ဟု စီးပွားရေးပါမောက္ခ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းက စင်ကာပူနိုင်ငံ မြှုပ်နှံမှုများထဲမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ သန်း ပြန်လည်လျော့ကျသွားခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ (အမေရိကန်ဒေါ်လာ၊ ဘီလျံ) |
---|
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် မတ်လ ၃၁ ရက်ထိ - ၁၆ .၀၅ ဘီလျံ |
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်ထိ - ၃၁ .၈၉၆ ဘီလျံ |
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် အောက်တိုလ ၃၁ ရက်ထိ - ၃၁ .၉၅၈ ဘီလျံ |
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်ထိ - ၃၁ .၉၅၈ ဘီလျံ |
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်ထိ - ၃၅ .၅၁၈ ဘီလျံ |
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်ထိ - ၃၆ .၀၅၄ ဘီလျံ |
၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်ထိ - ၄၀ .၆၉၉ ဘီလျံ |
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးခြောက်နိုင်ငံ (အမေရိကန်ဒေါ်လာ၊ သန်း) | |||
---|---|---|---|
နိုင်ငံအမည် | ပမာဏ (၃၁-၃-၂၀၁၀) | ပမာဏ (၃၁-၃-၂၀၁၁) | ပမာဏ (၃၁-၃-၂၀၁၂) |
၁။ တရုတ် | ၁၈၄၈ .၅၆ | ၉၆၀၃ .၁၆၈ | ၁၃၉၄၈ .၈၉၆ |
၂။ ထိုင်း | ၇၄၂၂ .၀၉၃ | ၉၅၆၈ .၀၉၃ | ၉၅၆၈ .၀၉၃ |
၃။ ဟောင်ကောင် | ၅၁၀ .၂၁၈ | ၆၃၀၈ .၄၉၅ | ၆၃၀၈ .၄၉၅ |
၎။ ကိုရီးယား | ၂၃၉ .၃၁၈ | ၂၉၁၅ .၇၁၇ | ၂၉၄၁ .၂၈၉ |
၅။ ဗြိတိန် | ၁၈၆၀ .၉၅ | ၂၆၅၉ .၉၅၄ | ၂၇၅၉ .၇၈၅ |
၆။ စင်ကာပူ | ၁၅၉၂ .၄၄၃ | ၁၈၁၈ .၆၁၃ | ၁၈၀၄ .၀၁၃ |
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍ ၅ မျိုး ၂၀၁၀ မတ်လကုန် ရပ်တည်မှု (အမေရိကန်ဒေါ်လာ-သန်း) | နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍငါးမျိုး ၂၀၁၁ မတ်လကုန် ရပ်တည်မှု (အမေရိကန်ဒေါ်လာ-သန်း) | နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍငါးမျိုး ၂၀၁၂ မတ်လကုန်ရပ်တည်မှု (အမေရိကန်ဒေါ်လာ-သန်း) | ||||||||||||||||||||||||||||||||||||
|
|
|
No comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်