မိုးရာသီ၏ အကြိုနိမိတ်ဟု ဆိုရမည့် မိုးဖွဲလေးများက ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် စတင်တွေ့မြင်နေရပြီ ဖြစ်သည်။ ယခုတစ်ပတ် ဖက်ရှင်ကဏ္ဍအတွက် လည်း မိုးရာသီ၏ အစဦးကာလနှင့် လိုက်ဖက်သည့် ဖက်ရှင်စိတ်ကူးများကို ပုံဖော်ရိုက်ကူးဖြစ်ခဲ့သည်။ ပါဝင်ခဲ့သည့် မော်ဒယ်လ်က မကြာခင်က ပြုလုပ်ခဲ့ပြီးသော The Face Shop Top Models ရွေးချယ်ပွဲတွင် Top Girl အဖြစ် ရွေးချယ်ခံခဲ့ရသူ မော်ဒယ်လ် ဆန်းသစ်လပင် ဖြစ်သည်။ သရုပ်ဆောင်အဆိုတော်မေရွက်ဝါ၏ မျိုးဆက်သစ်ဖြစ်သူ မော်ဒယ်လ် ဆန်းသစ်လ ပြောပြခဲ့သည့် စိတ်ကြိုက်ဖက်ရှင်မှာ
ဆန်းသစ်လ အခုကဏ္ဍလေးအတွက် ရွေးချယ်ဖြစ်တဲ့ ဖက်ရှင်ကတော့ မိုးရာသီအစပျိုးချိန်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်လေးပါ။ ပထမ၀တ်စုံလေးကတော့ ရောင်စုံအပွင့်လေးတွေပါတဲ့ ဂါဝန်တိုလေးပါ။ ဂါဝန်လေးရဲ့အောက်မှာ ဇာအနားထွက်တဲ့ ဒီဇိုင်းလေးပါ။ ဖိနပ်ကတော့ အသားရောင်ကြိုးသိုင်း ဒေါက်ဖိနပ်လေးပဲ စီးထားပါတယ်။ အရောင်ကတော့ မိုးရာသီအစဆိုတော့ တောက်တောက် ပပလေးဖြစ်စေမယ့် လိမ္မော်ရောင် များတာလေး ရွေးချယ်ထားပါတယ်။
ဒုတိယ၀တ်စုံလေးကတော့ အ၀ါရောင်တစ်ခြမ်း အဖြူရောင်တစ်ခြမ်းပါတဲ့ ရွပ္အက်ႌေလးပါ။ ရွပ္အက်ႌေလးက ပါးပါးလွင့်လွင့်လေးဖြစ်နေတဲ့ ဒီဇိုင်းလေးပါ။ အောက်ကတော့ စကပ်အတို အ၀ါရောင်လေးနဲ့တွဲပြီး ၀တ်ထားပါတယ်။ ဖိနပ်ကိုတော့ ဒေါက်အမြင့်အ၀ါရောင်လေးနဲ့ တွဲစီးထားပါတယ်။ ဒီဝတ်စုံလေးကလည်း ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်ပုံစံလေးပါပဲ။ ၀တ်စုံနှစ်စုံလုံးရဲ့ အရောင်ကိုတော့ မိုးရာသီအစနဲ့ လိုက်ဖက်အောင်လို့ အရောင်တောက်တောက်လေးတွေပဲ ရွေးထားတာပါ။
မိတ်ကပ်ကတော့ ရဲထွဋ်ခေါင် ပြင်ပေးထားတာပါ။ ၀တ်စုံအရောင်လေးတွေနဲ့လိုက်ဖက်အောင် မိတ်ကပ်ကိုလည်း လိမ္မော်ရောင်များများ လေးလိမ်းခြယ်ထားပါတယ်။ ဆံပင် ကတော့ နဂိုဆံပင်အကောက်အတိုင်းပဲ ဖြန့်ချထားတာပါ။
အဓိကတော့ ဖက်ရှင်ဆိုတာ ခေတ်နဲ့လည်းလိုက်ဖက်နေဖို့ လိုသလို ရာသီဥတု၊ နေရာဒေသ၊ အခြေအနေတွေပေါ်မူတည်ပြီး လိုက်ဖက်အဆင်ပြေတဲ့ ဖက်ရှင်မျိုးဖြစ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ ရှိုးလျှောက် ဖို့ရှိတာလား၊ ကြော်ငြာရိုက်ဖို့ရှိတာလား၊ ပွဲသွားတက်ရမှာလား စသဖြင့် ကိုယ်လုပ်ဖြစ်မယ့် အနေအထားပေါ် မူတည်ပြီး ကိုယ်ဝတ်ဆင်မယ့်ဖက်ရှင်ကို ကြိုတင်ပြင်ဆင်ဖြစ်ပါတယ်။
လတ်တလောကတော့ The Face Shop ရဲ့ မြန်မာပြည် Brand Ambassador အနေနဲ့ ကိုရီးယား နိုင်ငံကို သွားဖို့ရှိပါတယ်။ ဇွန်လထဲမှာ သွားရမှာပါ။ တခြားနိုင်ငံရှစ်နိုင်ငံက Ambassador တွေနဲ့လည်း တွေ့ဆုံရမှာပါ။ လောလောဆယ်တော့ ကြော်ငြာနှစ်ခု ရိုက်ထားပါတယ်။ တခြားကြော်ငြာတွေရိုက်ဖို့ ပြောထားတာတွေလည်း ရှိပါတယ်။
Profile အမည်ရင်း ဆန်းသစ်လ
မိဘအမည် ဦးနွေထိန်ဝင်း+ဒေါ်မေရွက်ဝါ
မွေးသက္ကရာဇ် ၁၃ .၂ .၁၉၉၂
ပညာအရည်အချင်း နောက်ဆုံးနှစ်(အင်္ဂလိပ်စာ)
ရရှိခဲ့ပြီးသောဆု The Face Shop (Top Model)
ရိုက်ကူးပြီးကြော်ငြာ Follow me
0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်