နောက်ဆုံးဆန်ခါတင် ၁၀ ဦး အနက်မှ ရွေးချယ်ချီးမြှင့်ခဲ့သည့် The Face Shop Top Girl ရွေးချယ်ပွဲကို မေလ ၂၃ ရက်နေ့ ညနေ ၆ နာရီ တွင် Traders Hotel ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန်ခါတင်ရွေးချယ် ပွဲ၌ အကဲဖြတ်ဒိုင်လူကြီးများ အဖြစ် အနုပညာရှင်များ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
“ဒီပြိုင်ပွဲကို စိတ်ဝင်စားယှဉ်ပြိုင်တဲ့သူ တော်တော်များခဲ့တာ တွေ့ရပါတယ်။ အဓိကတော့ ကိုရီးယား အလှကုန်အတွက် သံတမန်ရွေးချယ်တာ ဖြစ်တဲ့အပြင် ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခွင့်၊ ကိုရီးယား မင်းသားဂျီဟိုနဲ့ တွေ့ဆုံခွင့်စတာတွေ ရရှိမယ်ဆိုတဲ့အတွက် ပြိုင်ပွဲဝင်တဲ့သူများတယ်လို့ ထင်ပါတယ်။ အရင်ပွဲ တွေမှာလည်း ပြိုင်ဖူးခဲ့တဲ့သူတွေပါသလို မျက်နှာသစ်မော်ဒယ်လ်တွေလည်း ၀င်ရောက်ယှဉ်ပြိုင်လာတာကို တွေ့ရပါတယ်။ ဒီပွဲမှာလှပမှုတစ်ခုတည်း သာမကဘဲ အထွေထွေဗဟုသုတ၊ သွက်လက်ထက်မြက်မှုစတဲ့ အခြားစွမ်းဆောင်ရည်တွေကိုလည်း ထည့်သွင်း ဆုံးဖြတ်ခဲ့တာပါ။ camp သွင်းတဲ့အချိန်တွေမှာ သွားလာလှုပ်ရှားမှုတွေ အားလုံးကို အသေးစိတ် အမှတ်ပေးပြီးမှ ရွေးချယ်ခဲ့တာပါ”ဟု တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။
ဆန်ခါတင်၁၀ဦးအနက်မှ ဆန်ခါတင်ငါးဦးကို ရွေးချယ်ခဲ့ပြီးနောက် ဥာဏ်စမ်းမေးခွန်းများ မေးမြန်းကာ Top Girl ကို ရွေးချယ်ခဲ့ခြင်းဖြစ် သည်။ Top Girl အဖြစ် မျက်နှာသစ် မော်ဒယ်လ် ဆန်းသစ်လက ရရှိခဲ့ပြီး ငွေကျပ် ၂၅ သိန်းရရှိကာThe Face Shop ၏ Brand Ambassador အဖြစ် ကိုရီးယားနိုင်ငံသို့ ဇွန်လအတွင်း အလည်အပတ် ခရီးသွားရောက်မည် ဖြစ်သည်။ ကိုရီးယားခရီးစဉ်တွင် နိုင်ငံရှစ်နိုင်ငံမှ Brand Ambassador များနှင့် တွေ့ဆုံရမည်ဖြစ်ကာ ကိုရီးယားမင်းသား ဂျီဟိုနှင့်တွေ့ဆုံ လည်ပတ်ခွင့်ရရှိမည်ဟု သိရှိရသည်။
0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်