ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, December 8, 2011

အင်န်အယ်လ်ဒီရုံးတွင် ခုခံအားကျနေ့ ကျင်းပ


ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ကျင်းပခဲ့ပြီး အဆိုပါနေ့ အထိမ်းအမှတ် တေးသီချင်းခွေကိုလည်း ဖြန့်ဝေခဲ့သည်။

အဆိုပါပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ကဏ္ဍမှ စီစဉ် ကျင်းပခြင်းဖြစ်ပြီး NLD ပါတီဝင် ဒေါ်ဖြူဖြူသင်းက ၂၀၀၂ ခုနှစ်တွင် စတင် တည်ထောင်ပြီး ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဖွင့်လှစ်ထားသည့် HIV/AIDS ဂေဟာမှ ဝေဒနာရှင် ၂၀၀ ကျော် တက် ရောက်ခဲ့သည်။

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအ မှတ်အခမ်းအနားကို ယခုနှစ်တွင် ငါးကြိမ်မြောက်ကျင်းပခြင်းဖြစ် သည်ဟု ဒေါ်ဖြူဖြူသင်းကပြောသည်။

"အရင်နှစ်တွေတုန်းက ဒီလိုမျိုး လွတ်လွတ်လပ်လပ် ကျင်းပခွင့် မရခဲ့ပါ ဘူး။ အထိမ်းအမှတ်သဘောမျိုးပဲ ကျင်းပ ခဲ့ရပါတယ်"ဟု ၎င်းက ပြောသည်။

"ခုခံစွမ်းအားကျဆင်းတယ်ဆိုရာမှာ စွမ်းအားဆိုတာ ခန္ဓာပိုင်းဆိုင်ရာ စွမ်းအားနဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအားဆို ပြီး နှစ်မျိုးရှိတယ်။ ခန္ဓာပိုင်း ဆိုင်ရာ စွမ်းအားကို ဆေးဝါးတွေ အသုံးပြုပြီးပံ့ပိုး နိုင်တယ်။ စိတ် ပိုင်းဆိုင်ရာစွမ်းအားကို တော့ ကျွန်မတို့အားလုံးဝိုင်းဝန်း ပါဝင်ပြီး ပံ့ပိုးကြရမယ်"ဟု NLD အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဝေဒနာရှင်တွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အမေတို့ အားလုံး ၀ိုင်းဝန်းပြီး လုပ်ဆောင်ကြဖို့ လိုအပ်တယ်။ အဓိက ကတော့ ရိုးရိုးပြောရရင် ငွေရေးကြေးရေးပေါ့။ တတ်နိုင် သလောက် ရက်ရက်ရောရောနဲ့ ထောက်ပံ့ကြပါ"ဟု ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် HIV/AIDS ကဏ္ဍမှ စီစဉ်ဆောင်ရွက်သည့် တေးသီချင်းခွေကိုလည်း အဆိုပါနေ့တွင် တစ်ခွေလျှင် ကျပ် ၁,၅၀၀ ဖြင့် စတင်ဖြန့်ချိ ခဲ့သည်။

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ်ထုတ်ဝေသည့် အဆိုပါတေး သီချင်းခွေတွင် ငြိမ်းချမ်းရေး၊ လူသားချင်း စာနာမှုဆိုင်ရာ တေးသီချင်းများနှင့် စစ်၏ဆိုးကျိုးများအကြောင်း ရေးစပ် ထားသည့် သီချင်း ၁၇ ပုဒ်ကို ဆောင်းဦး လှိုင်၊ ရင်ဂို၊ ကိုရဲလွင်နှင့် ဇေယျာသော်တို့ အပါအ၀င် တေးသံရှင် ၁၅ ဦးတို့က ပါဝင် သီဆိုထားသည်ဟု သိရသည်။

သီချင်းခွေ၏အမည်ကို 'ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သီချင်းများ' "World AIDS Day Songs" ဟု အမည်ပေးထားသည်ဟု သိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com