ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, December 7, 2011

မျက်နှာဖုံး စွပ်ထားသူများ အပါအ၀င် လူအုပ်စုတစ်စုက အမျိုးသားတစ်ဦးအား ဓားများဖြင့် ၀ိုင်းဝန်း ခုတ်သတ်ခဲ့သည့် ဖြစ်စဉ်၌ ပါဝင်ကျူးလွန်ခဲ့သူ ၁၄ ဦး စစ်ဆေးနေ

မျက်နှာဖုံး စွပ်ထားသူများ အပါအ၀င် လူအုပ်စုတစ်စုက အသက် ၃၀ အရွယ်ရှိအမျိုးသား တစ်ဦးအား ဓားများဖြင့်ဝိုင်းဝန်း ခုတ်ထိုးသတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သူ စုစုပေါင်း ၁၄ ဦး အထိ ဖမ်းဆီးစစ်ဆေးနေပြီး ထပ်မံ၍ ဖော်ထုတ်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ယင်းဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ညပိုင်းက မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ ၆ လမ်း အနီးအနားတွင် အသက် ၃၀ အရွယ် ရှိ ကိုကျော်မင်းကို မျက်နှာဖုံးစွပ်သူများ အပါအ၀င် လူအုပ်စုတစ်စုက ရက်စက်စွာ ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ကိုကျော်မင်းမှာ အဆိုပါနေ့ ည၌ သူငယ်ချင်းနှစ်ဦးနှင့်အတူ ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စားသောက်နေစဉ် ကိုကျော်မင်းမှာ သန့်စင်ခန်းသို့ သွားပြီး ပြန်အလာ၌ ဆိုင်အတွင်းသို့ မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူအုပ်စုတစ်စုမှ ဓားများဖြင့် ၀ိုင်းဝန်းခုတ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုအချိန်တွင် ကိုကျော်မင်းက ဆိုင်အပြင်သို့ ရောက်အောင် ထွက်ခဲ့သော်လည်း အပြင်ဘက်၌လည်း မျက်နှာဖုံးစွပ်များ အပါအ၀င် လူအုပ်စုတစ်စုက ၀ိုင်းဝန်း၍ဓားများဖြင့် ခုတ်ထိုးသတ်ခဲ့ကြောင်း မိသားစုဝင်များ နှင့် မျက်မြင်သက်သေတွေ့ရှိသူများ ၏ ပြောကြားချက်အရ သိရှိရသည်။

မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူအုပ်စုတစ်စုက အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးအား ဓားများဖြင့် ၀ိုင်းဝန်းခုတ်ထိုးသတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်သူများ ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုရဲမှူးဦးစိန်ရိုးကပြောကြားခဲ့ပါသည်။

မြောက်ဥက္ကလာပမြို့နယ် ရဲ တပ်ဖွဲ့မှူးဖြစ်သူ ဒုရဲမှူးဦးစိန်ရိုးက ပြောကြားခဲ့ရာတွင် “ဒီနေ့အထိတော့ ဖြစ်စဉ်ထဲမှာ ပါဝင်ကျူးလွန်တဲ့သူ စုစုပေါင်း ၁၄ ယောက်အထိ ဖမ်းဆီး စစ်ဆေးနေပါတယ်။ ဆက်လက်ပြီး တော့ပါဝင်ကျူးလွန်ခဲ့တဲ့ တရားခံတွေ ကိုလည်း စစ်ဆေး ဖော်ထုတ်သွားပါ့မယ်”ဟု ဒီဇင်ဘာလ ၄ ရက်နေ့ က ပြောကြားခဲ့သည်။

မျက်နှာဖုံး စွပ်ထားသူများ အပါအ၀င် လူအုပ်စုတစ်စုက အသက် ၃၀ အရွယ်ရှိ အမျိုးသား တစ်ဦးအား ဓားများဖြင့် ၀ိုင်းဝန်းခုတ်ထိုးသတ်ခဲ့သည့် ဖြစ်စဉ်ကို မြောက်ဥက္ကလာပ ရဲစခန်းမှ (ပ)၅၂၄/၂၀၁၁၊ ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၃၀၂/ ၁၁၄ဖြင့် အမှု ဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com