အင်ဒိုနီးရှားနိုင်ငံတွင် ဂမ်မာလာမာမီးတောင်သည် ဒီဇင်ဘာလ ၄ ရက်ကပေါက်ကွဲခဲ့ပြီးနောက် တာနာတီပြည်နယ်၊ မာလူကူမြို့ရှိ ခရိုင်ခွဲ ၁၀ ခုတွင် ဒေသခံများကို ရွှေ့ပြောင်းပေးခဲ့ရသလို ကျောင်းများကိုလည်း ပိတ်ထားရကြောင်း သိရသည်။
မီးတောင်ပြာမှုန့်များမှာ ဒီဇင်ဘာလ ၄ ရက်ညနေတွင် မြို့တစ်မြို့လုံး၏ နေရာအားလုံးနီးပါးကို လွှမ်းခြုံခဲ့ပြီး မျက်နှာဖုံးများဝေရန် မြို့ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်နေကြောင်း ဒုတိယမြို့တော်ဝန် အရီဖင်ဂျာဖာက ဒီဇင်ဘာလ ၅ ရက်တွင် ပြောကြားခဲ့သည်။ ဒေသခံများ ရွှေ့ပြောင်းမှုကို ဆောလျင်စွာ ပြုလုပ်ရခြင်းမှာ ယင်းနေရာများသို့ မီးတောင်ချော်ရည်များ စီးဆင်းလာနိုင်ခြေရှိခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
မီးတောင်ပြာမှုန့်ရောက်ရှိသော ဒေသများရှိ ကျောင်းများကိုလည်း အနည်းဆုံးတစ်ပတ်ခန့် ပိတ်ထားမည်ဟု တာနာတီပြည်နယ် ပညာရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ အခြေအနေများကို စောင့်ကြည့်နေပြီး ကျောင်းပိတ် ရက် တိုးနိုင်ကြောင်းလည်း ယင်းအေဂျင်စီဥက္ကဋ္ဌ ဂျူဒီတာစလင်မ်က ပြောကြားခဲ့သည်။ ဂမ်မာလာမာမီးတောင်သည် ဒီဇင်ဘာလ ၄ ရက်က စတင်ပေါက် ကွဲခဲ့ပြီးနောက် မီးတောင်တစ်ဝိုက်တွင် ငလျင်ငယ်နှင့် အင်အားအသင့် အတင့်ငလျင်အကြိမ် ၁၀၀ ကျော် လှုပ်ခတ်ခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။
Ref:Jakarta Post












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်