ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, December 8, 2011

သက်ဆင်အတွက် နှစ်သစ်ကူး လက်ဆောင် နိုင်ငံကူးလက်မှတ်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား နိုင်ငံကူးလက်မှတ် ပြန်လည် ထုတ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ မိမိသဘောအလျောက် နိုင်ငံ ကို စွန့်ခွာခဲ့သော ဝန်ကြီးချုပ် ဟောင်းအား နှစ်သစ်ကူးလက် ဆောင်အဖြစ် ထိုင်းနိုင်ငံကူး လက် မှတ် ပြန်လည်ထုတ်ပေးခြင်းဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်သောကြာနေ့ က တရား ဝင်ပြောကြားလိုက်ခြင်းဖြစ်သည်။ ”သာမန်နိုင်ငံကူး လက်မှတ် ပါပဲ။ သံတမန် နိုင်ငံကူးလက်မှတ် မဟုတ်ဘူး။ ခုလိုထုတ်ပေးတာက လည်း သတ်မှတ်ထားတဲ့ ဥပဒေ တွေအရပါပဲ”ဟု ထိုင်းနိုင်ငံခြား ရေးဝန်ကြီး ဆူရာပွန် တိုဝီဂျက်ချုင် ကူက ပြောသည်။ သက်ဆင်၏ညီမဖြစ်သူ လက် ရှိ ဝန်ကြီးချုပ် ယင်းလတ်ကလည်း ”အစိုးရ အဖွဲ့ဟာ အားလုံးကို ဥပဒေ ဘောင်အတွင်းက လုပ်သွားမှာပါ ပဲ”ဟုပြောပါသေးသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း တစ် ဦးဖြစ်သူ အဘီဆစ်ဝေ့ဂျာဇီဝကမူ ”ထိုင်းအစိုးရဟာ ရေဘေးသင့်ပြည် သူတွေကို ကူညီပံ့ပိုးရေးထက် သက် ဆင်အရေးကိုပဲ အာရုံစိုက်ဦးစားပေး နေပုံရတယ်”ဟုဆိုသည်။ ထိုင်းနိုင်ငံဝယ် အကျဉ်းကျ မည့်အရေးကို ရှောင်ကွင်းကာ နိုင်ငံ ကိုစွန့်ခွာသွားသော သက်ဆင်သည် ယခုအခါ နိုင်ကရာဂွာနှင့် မွန်တီ နီဂရိုးနိုင်ငံကူးလက်မှတ်များ ကိုင် ဆောင်လျက်ရှိပြီး ဒူဘိုင်းနိုင်ငံတွင် ရှိနေ သည်။ သက်ဆင်သည် ရှပ်နီအဖွဲ့၏ အကြီးအကဲဖြစ်ပြီး၊ ယင်းတို့၏ ပါတီသည် လက်ရှိအစိုးရအဖွဲ့တွင် အင်အားအကောင်းဆုံးဖြစ်သည်။ ရှပ်နီတို့နှင့် ဆန့်ကျင်ဘက်ဖြစ် သော ရှပ်ရောင်စုံအဖွဲ့ခေါင်းဆောင် တူ ဆစ်သီဆွမ်ဝေါင်းကမူ သက်ဆင် အား နိုင်ငံကူးလက်မှတ်ပြည်လည် ထုတ် ပေးမည်ဆိုခြင်းကို လက်သင့် မခံဘဲ၊ အကယ်၍ နိုင်ငံကူးလက်မှတ် အမှန်တကယ်ပြန်လည် ထုတ်ပေး မည်ဆိုပါက လက်ရှိ နိုင်ငံခြားရေး ဝန်ကြီးကိုပင် တရားစွဲဆိုမည်ဖြစ် ကြောင်း ပြောသည်။ ”အစိုးရအနေနဲ့ တကယ်သာ ဥပဒေဘောင်အတွင်းက လုပ်မယ်ဆိုရင် သက်ဆင်ကိုတစ်နည်းနည်းနဲ့ ထိုင်းနိုင်ငံပြန်လာအောင်လုပ်ပြီး ကျ သင့်တဲ့အပြစ်ဒဏ် ကျခံအောင်လုပ် ရမှာ” ဟုလည်း သူက ပြောပါသေးသည်။ သက်ဆင်သည် ကမ္ဘာသိ တိမ်းရှောင်သူတစ်ဦးဖြစ်ပြီး၊ သူ့အား ထိုင်းအစိုးရက ထောင်ဒဏ် ၂ နှစ်အပြစ်ပေးကြောင်းမကြေညာမီ ကလေးတွင်ပင် ဗြိတိန်နိုင်ငံသို့ တိမ်း ရှောင်သွားခဲ့ခြင်းဖြစ်သည်။
PN-300
Ref: HM pardons 26,000 inmates, including some drug convicts

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com