ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် တီးဝိုင်း ၁၀ ဖွဲ့နှင့် အဆိုတော် အများအပြား ပါဝင်သီဆိုသွားမည်ဖြစ်ပြီး ယင်းပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒီမိုကရေစီကွန်ရက်တွင် တစ်ခု အပါအ၀င်ဖြစ်သည့် ပညာရေး ကွန်ရက်အဖွဲ့မှ ဦးဆောင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် သုဝဏ္ဏမိုးလုံလေလုံ အားကစား ရုံတွင် မွန်းလွဲ ၃ နာရီမှ ည ၁၀ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး The Trees Band နှင့်အတူ Rဇာနည်၊ ဟဲလေး၊ ဖိုးကာ၊ အစိုင်း၊ ဥာဏ်လင်းအောင်၊ ထွန်းအိန္ဒြာဗို၊ ၀ိုင်းစုခိုင်သိန်းတို့ ပါဝင်သီဆိုမည်ဖြစ်သည်။
အင်ပါယာတီးဝိုင်းနှင့်အတူ ဇော်ဝင်းထွဋ်၊ အဲလက် (စ်)၊ ဘိုဖြူ၊ ဖြိုး ကြီး၊ သျှီ၊ အိမ့်ချစ်၊ Metal Zone တေးဂီတနှင့်အတူ ဟန်ထွန်း၊ လင်းလင်း၊ ဂျီလတ်၊ သအို၊ ဟယ်ရီလင်း၊ အောင်ခန့်၊ ချစ်သုဝေ၊ Nကိုင်ရာ၊ Plus 3 တေးဂီတနှင့်အတူ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ မိုးမိုး၊ မေခလာ၊ ရှင်ဖုန်း၊ နီနီခင်ဇော် တို့ပါဝင်သီဆိုကြမည်ဖြစ်သည်။
Lazy Club တီးဝိုင်းနှင့် ဇော်ပိုင်၊ L လွန်းဝါ၊ ထက်နေကြည်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ ယုဇန၊ အေသင်ချိုဆွေ၊ Spectrum တေးဂီတ နှင့်အတူ ထူးအယ်လင်း၊ Sကဲနက်၊ လင်းနစ်၊ နွဲ့ယဉ်ဝင်း၊ ကဗျာဘွဲ့မှူး၊ မီးမီးခဲ၊ သံသာဝင်း၊ Vertical Vibration တေးဂီတနှင့်အတူ ကိုရဲလွင်၊ စံလင်း၊ သားထွေး၊ ရင်ဂို၊ အောင်အောင်၊ ဂျေမောင်မောင်၊ အုပ်ကြီး၊ ဂျေညီညီ၊ လမ်းပြကြယ်တို့ ပါဝင်သီဆိုကြမည် ဖြစ်သည်။
ယင်းပွဲ၌ Acid ၊ ကြက်ဖ၊ ရသ၊ ယုန်လေး၊ Snare ၊ Cyclone ၊ ငယ်ငယ်၊ စန္ဒီမြင့်လွင်၊ ဂျင်းနီနှင့် Blue Berry တို့အပြင် Big Bag၊ Wanted နှင့် Reason စသည့်အဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်