ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, December 7, 2011

စင်ကာပူ၊ ကွမ်ကျိုးနှင့် ဂယာခရီးစဉ်များအား MAI လေကြောင်းလိုင်းမှ ခေါက်ရေတိုးမြှင့်ပြေးဆွဲ

4362

ခရီးသွားများပြားမှုကြောင့် စင်ကာပူ၊ ကွမ်ကျိုးနှင့် ဂယာခရီးစဉ် များအား ဒီဇင်ဘာလမှ စတင်ကာ MAI လေကြောင်းလိုင်းမှ ခေါက်ရေ တိုးမြှင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း MAI မှ Marketing မန်နေဂျာ မအေးမရသာ၏ ပြောကြားချက် အရ သိရသည်။

MAI လေကြောင်းလိုင်းမှ ခေါက်ရေတိုးမြှင့်ပြေးဆွဲသွားမည့် ခရီးစဉ် များမှာ ရန်ကုန်-စင်ကာပူခရီးစဉ် အားတစ်ပတ်လျှင် ၁၂ ကြိမ်ပြေးဆွဲ ရာမှ ၁၄ ကြိမ်သို့လည်းကောင်း၊ ရန်ကုန်-ဂယာခရီးစဉ်အား တစ်ပတ်လျှင် နှစ်ကြိမ်ပြေးဆွဲနေရာမှ တစ်ပတ်လျှင် သုံးကြိမ်သို့ လည်းကောင်း၊ ရန်ကုန် - ကွမ်ကျိုးခရီးစဉ်အား တစ်ပတ်လျှင် နှစ်ကြိမ်ပြေးဆွဲနေရာမှ သုံးကြိမ်သို့လည်းကောင်း ခေါက်ရေများအား တိုးမြှင့်ပြေးဆွဲသွားမည် ဖြစ်သည်။

MAI လေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူခရီးစဉ်အားနေ့စဉ် ပြေးဆွဲပေးလျက်ရှိပြီးထပ်မံတိုးမြှင့် ပြေးဆွဲမည့်အချိန်များမှာ ကြာသပတေး နှင့်တနင်္ဂနွေ မွန်းလွဲ ၂နာရီ ၁၅ မိနစ် အချိန်ကို လည်းကောင်း၊ ရန်ကုန်-ဂယာ ခရီးစဉ်ကို တစ်ပတ်လျှင် သုံးကြိမ် ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့ကို လည်းကောင်း၊ ရန်ကုန်-ကွမ်ကျိုး ခရီးစဉ်ကို အင်္ဂါ၊ ကြာသပတေးနှင့်စနေ နေ့များတွင် ထပ်မံတိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com