လွတ်လပ်ခြင်း အနုပညာရုပ်ရှင် ပွဲတော်အတွက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
၂၀၁၂ ဇန်န၀ါရီလဆန်းတွင် ပြုလုပ်သွားမည့် ပထမအကြိမ် ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော် သို့ပါဝင်ယှဉ်ပြိုင်ရန် အနုပညာရှင် အချို့ပြင်ဆင် ရိုက်ကူးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ပြင်ဆင်လျက်ရှိရာတွင် ဒါရိုက်တာဝိုင်းက Short Film တစ်ကားအား ဒီဇင်ဘာလဆန်းပိုင်း၌ ရိုက်ကူး ပုံဖော်သွားမည်ဖြစ်ပြီး ဒါရိုက်တာကုသိုလ်၏ သားဖြစ်သူ ပုညကုသိုလ်သည်လည်း ယင်းရုပ်ရှင်ပွဲတော်အတွက် ရိုက်ကူးလျက်ရှိပြီး လူငယ်အနုပညာရှင်များထဲမှ ရိုက်ကူးရန် ပြင်ဆင်နေကြသူများလည်း ရှိသည်ဟု သိရှိရသည်။ သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ ဦးကျော်သူသည်လည်း ပြိုင်ပွဲအတွက် ဇာတ်ကားရိုက်ကူးပေးပို့ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။\အမေရိကန်တက္ကသိုလ်၌ ရုပ်ရှင် အထူးပြုဘာသာရပ်ဖြင့် သင်ကြားလာခဲ့သူ ဒါရိုက်တာ Mနိုးက “ကျွန်တော်ဒီပြိုင်ပွဲကို ဂျာနယ်တွေကတစ်ဆင့်တွေ့ပြီး ၀င်ရောက်ပါဝင်ဆင်နွှဲဖို့ စိတ်ကူးဖြစ်တာပါ။ ယှဉ်ပြိုင်တယ် ဆိုတာမျိုး မသုံးချင်ဘဲ လွတ်လပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ လွတ်လွတ်လပ်လပ် ပါဝင်ချင်တာကြောင့်ပါ” ဟုပြောပြခဲ့သည်။ ဒါရိုက်တာ Mနိုးသည် ပြိုင်ပွဲအတွက် Short Film တစ်ကားကို နိုဝင်ဘာလကုန်ပိုင်းတွင် ရိုက်ကူးခဲ့ပြီး လိုအပ်သည့်အပိုင်းများအတွက် ဆက်လက်ဆောင်ရွက်လျက် ရှိသည်ဟု သိရှိရသည်။
လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ရန်ကုန် မြို့တော်ဝင် စင်တာတွင်ပြုလုပ်ရန် စီစဉ်ထားပြီး Short Film နှင့် documentary ဇာတ်ကားများ ပါဝင်ယှဉ်ပြိုင်နိုင်ကာ ဒီဇင်ဘာလ ၂၀ ရက် နောက်ဆုံးထား ပေးပို့ရန် သတ်မှတ်ထားသည်ဟု သိရသည်။












0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်