ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Thursday, December 8, 2011

ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပဒေသာကပွဲ ကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ ၅
ပြေတီဦးပညာရေး ဖောင် ဒေးရှင်းရန်ပုံငွေ ပဒေသာကပွဲ ကို ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၆ နာရီကသုဝဏ္ဏအားကစားရုံ၌ ပြုလုပ်ခဲ့သည်။ မို့မို့မြင့်အောင်နှင့် ယဉ်ကျေးမှု တက္ကသိုလ်မှ သမီးပျိုလေးများ၏ အပျိုတော်အကနှင့် စတင် ကပြ ဖျော်ဖြေခဲ့ပြီး တေးဂီတ အစီအ စဉ်အဖြစ် ယုန်လေး၊ သဇင်၊ ခိုင်နှင်း ဝေ၊ စိုးပြည့်သဇင်၊ ထွန်းအိန္ဒြာဗိုနှင့် နေတိုးတို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)၏ လွဲခဲတယ်နော် ဟာသပြဇာတ်ကို ရဲအောင်၊ လူမင်း၊ ပြေတီဦး၊ ဖြိုးငွေစိုး၊ အောင် ရဲလင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော် ဇင်၊ မိုးဟေကို၊ ဆုပန်ထွာ၊ ဝတ်မှုံ ရွှေရည်၊ ဖွေးဖွေးနှင့် အနုပညာရှင် များစွာ ပါဝင်ကပြခဲ့ကြသည်။ ချစ်သုဝေ၊ နန်းဆုရတီစိုးနှင့် ဝိုင်းစုခိုင်သိန်းတို့ကလည်း ဖျော် ဖြေခဲ့ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၏ မုဒိတာလွင်ပြင် အငြိမ့်ကို လူရွှင်တော် ဝေဠုကျော်၊ ခန့်စည်သူ၊ ပြေတီဦး၊မင်းမော်ကွန်း ၊ နေမင်း၊ ကြက်ဖတို့နှင့် မင်းသမီး မိုးပြည့်ပြည့်မောင်၊ အေးမြတ်သူ၊ မိုး ယုစံ၊အိချောပိုတို့ကပြဖျော်ဖြေခဲ့သည်။ ပြေတီဦးပညာရေး ဖောင်ဒေး ရှင်းအတွက်MRTV -4 မှ ငွေကျပ် သိန်း ၅ဝဝ လှူဒါန်းခဲ့ပြီး Sky Net ရုပ်သံလိုင်းမှ Sky Net ရုပ်သံဖမ်း စက် အလုံး ၁ဝဝ ကို ရောင်းချ၍ ရရှိငွေများကို လှူဒါန်းမည်ဖြစ် ကြောင်းသိရသည်။
မေမွန်မောင်

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com