လာမည့်သင်္ကြန်ကာလအတွင်း ဗုဒ္ဓဂယာသို့ မြန်မာဘုရားဖူး တစ်ထောင်ကျော်ခန့် သွားရောက် ကြမည်ဟု ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ တစ်ခုမှ တာဝန်ခံတစ်ဦးက ပြော သည်။
”ဧပြီလမှာ သွားမယ့်သူတွေ အရမ်းများပါတယ်။ ဘုရားဖူးရာသီ ထဲမှာ ဒီနှစ်က ဗုဒ္ဓဂယာကို ဘုရား ဖူးသွားသူအများဆုံးပါပဲ” ဟု ၄င်း ကထပ်လောင်းပြောသည်။
ဗုဒ္ဓဂယာသို့အသက် ၅ဝ မှ ၇ဝ ကြားလူကြီးပိုင်းများသာ အသွား များကြသော်လည်း ယခုကျောင်း ပိတ်ချိန်တွင် ၄င်းတို့နှင့် အတူ သား၊ သမီး၊ မြေး၊ တူ၊ တူမများ အဖော် လိုက်ပါလာကြပြီး သာသနာ့ဘောင် ဝင်ကြရန် ပြင်ဆင်နေမှုများ ယခုနှစ် တွင် ပိုမိုများလာကြောင်း သိရ သည်။
”အခုဆိုရင် မြန်မာနိုင်ငံက လူတွေ ခရီးသွားလာတတ်နေပါပြီ။ ဗုဒ္ဓဂယာမှာလည်း မြန်မာဘုရားဖူး တွေ အများကြီးတွေ့ရတယ်။ မြန်မာနိုင်ငံကတင်မဟုတ်ဘူး နိုင်ငံ တကာကို ရောက်နေတဲ့ မြန်မာလူ မျိုးတွေလည်း သံဝေဇနိယလေး ဌာန၊ အဝိဇဟိတလေးဌာန ကို ဘုရားဖူး လာရောက်နေတာ တွေ့ရ တဲ့အတွက် အရမ်းဝမ်းသာပါ တယ်”ဟု ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့ မှ တာဝန်ခံတစ်ဦးက ပြောသည်။
အိန္ဒိယနိုင်ငံရာသီဥတုသည် ဧပြီနောက်ပိုင်းတွင် အလွန်ပူပြင်း သောကြောင့် သွားလိုသူ လူကြီးများ ၏ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ရသဖြင့် ဗုဒ္ဓဂယာဘုရားဖူး ရာသီကို စက်တင်ဘာလကုန်ပိုင်းမှ ဧပြီလအထိ သတ်မှတ်ထားရာ သင်္ကြန်တွင်းခရီးစဉ်သည် ယခုနှစ် ဘုရားဖူးရာသီ၏ နောက်ဆုံးခရီးစဉ် ဖြစ်သောကြောင့် သွားလိုသူများ ပို မိုများလာခြင်းဖြစ်သည်ဟု ၄င်းက သုံးသပ်ပြောသည်။
မနှစ်က ဘုရားဖူးရာသီတွင် ဗုဒ္ဓဂယာသွားသူ တစ်သောင်းမကျော်သော်လည်း ယခုနှစ်တွင် တစ်သောင်းကျော်သွားပြီဟု သိရသည်။
နှင်းအိ

0 comments:
Post a Comment
Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်