ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 20, 2012

 ပြင်သစ်လွှတ်တော် ရွေးကောက်ပွဲ ဒုတိယအကျော့တွင် ဆိုရှယ်လစ်တို့ အနိုင်ရ

အနိုင်ရခဲ့သော ပြင်သစ်လက်ယာအစွန်းရောက် Front National ပါတီမှ Gilbert Collard
ပြင်သစ်လွှတ်တော် ရွေးကောက်ပွဲ ဒုတိယအကျော့ကို ဇွန်လ ၁၇ ရက်တွင် ကျင်းပခဲ့ရာ ဆိုရှယ်လစ်တို့က အနိုင်ရခဲ့ပြီး အမတ်အများစု ရရှိခဲ့သည်။ ယင်းအတွက်ကြောင့် ယူရိုဇုန် ကြွေးမြီအကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် အခွန်နှင့်အသုံး စရိတ်ကိစ္စအား တွန်းအားပေးနိုင်ရေး လုပ်ဆောင်မည့် သမ္မတ ဖရန်ဆွာအော်လွန်ဒ်အတွက် အားတက်စရာ ဖြစ်စေခဲ့သည်။
လီပင်၏တူမ Marion Marechalle Pen
ဆိုရှယ်လစ်တို့က အမတ်နေရာ ၃၁၄ နေရာရရှိခဲ့ပြီး အမတ်နေရာ ၅၇၇ ရှိသော လွှတ်တော်တွင် အများစု ရရှိခဲ့ခြင်းဖြစ်ကာ ဂရင်းပါတီ (သို့) လက်ဝဲအစွန်းရောက် ၀ါဒီတို့အပေါ် မှီခိုနေစရာမလိုတော့ကြောင်း တရားဝင် ထုတ်ပြန်မှုများအရ သိရသည်။  ဆိုရှယ်လစ်တို့နှင့် မဟာမိတ်တို့သည် မဲအားလုံး၏ ၅၀ ဒသမ ၃၄ ရာခိုင် နှုန်းရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လက်ယာအစွန်းရောက်ဝါဒီ National Front ပါတီက ၁၉၉၈ ခု နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အ ဖြစ် လွှတ်တော်သို့ပြန်လာနိုင်တော့ မည်ဖြစ်သည်။ သို့သော် ပါတီခေါင်း ဆောင် Marine Le Pen မှာမူ အမတ်နေရာအတွက် ယှဉ်ပြိုင်မှုမှာ ရှုံးနိမ့်ခဲ့ ကြောင်း သိရသည်။ လီပင်ကိုယ်တိုင် အနိုင်မရခဲ့သော်လည်း အသက် ၂၂ နှစ်ရှိ သူ၏တူမ Marion Marechalle Pen မှာမူ အမတ်နေရာ အနိုင်ရခဲ့သည်။
မေလ သမ္မတရွေးကောက်ပွဲတွင် လက်ယာယိမ်း နီကိုလတ်စ်ဆာကော်ဇီကို အနိုင်ရခဲ့သော အော်လွန်ဒ်က မိမိသည် ပြင်သစ်ကို ယူရိုဇုန်အကျပ်အတည်းမှ ရုန်းထွက်နိုင်ရေး၊ အလုပ်လက်မဲ့ မြင့်တက်မှု၊ စီးပွားရေး ကျဆင်းမှုတို့ကို ဖြေရှင်းနိုင်ရေးအတွက် လိုအပ်သော အမတ်အရေအတွက်များ ပြည့်မီစေရန် မဲဆန္ဒရှင်များက ကူညီစေလိုကြောင်း တိုက်တွန်းခဲ့သည်။
ဆာကော်ဇီ၏ UMP ပါတီနှင့် New Centre ပါတီတို့သည် အမတ်နေရာ ၂၂၁ နေရာမှ ၂၃၁ နေရာအထိ အနိုင်ရခဲ့သည်။ ဆိုရှယ်လစ်နှင့် မဟာမိတ်ဖြစ်သော ဂရင်းပါတီ အမတ်နေရာ ၂၀ ရရှိခဲ့ပြီး လက်ဝဲအစွန်းရောက် Left Front ပါတီက အမတ် ၁၀ နေရာရရှိခဲ့ကြောင်း မဲရုံများ၏ ထုတ်ပြန်မှုအရ သိရသည်။

Ref:AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com