ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 20, 2012

ဆီးရီးယားရှိ ကုလစောင့်ကြည့် အဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးရန် အတိုက်အခံတို့ တောင်းဆို

ဆီးရီးယားတွင် လက်နက်မဲ့ ကုလစောင့်ကြည့်အဖွဲ့များ၏ လုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့ပြီးနောက် ယင်းစောင့်ကြည့်အဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးရန်  ဆီးရီးယား အတိုက်အခံများက တိုက်တွန်းခဲ့သည်။

ပြည်ပတွင် ဖွဲ့စည်းထားသော ဆီးရီးယား အဓိက အတိုက်အခံဖြစ်သည့် Syrian National Council (SNC) က ကုလ လုံခြုံရေးကောင်စီအနေဖြင့် ကုလပဋိညာဉ်တွင်ပါသော အခန်းခုနစ်အရ ကုလစောင့်ကြည့်အဖွဲ့များကို လက်နက်တပ်ဆင်ပေးရန် ဇွန်လ ၁၇ ရက်တွင် တိုက်တွန်း သည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ဆီးရီးယား ပြည်သူများအပေါ် အစိုးရက အဆိုးရွားဆုံး ရာဇ၀တ်မှုများ ကျူးလွန်နေချိန်တွင် ကုလစောင့်ကြည့်အဖွဲ့၏ လုပ်ငန်းစဉ်များ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အံ့အားသင့်စရာကောင်းကြောင်း SNC က ထုတ်ပြန်ခဲ့သည်။
ဧပြီလလယ်တွင် ကုလစောင့်ကြည့်အဖွဲ့ဝင်များကို ဆီးရီးယားတွင် တပ်စွဲထားပြီးနောက်ပိုင်း နေ့စဉ်လိုလို ပစ်မှတ်ထား တိုက်ခိုက်မှုခံခဲ့ရကြောင်း ကုလဆိုင်ရာ အမေရိကန် အထူးသံအမတ် ဆူဇန်ရိုက်က ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com