ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် တရားတော်

စောင့်စားခြင်း အနုလက်ရာ (မြန်မာ့အလှ မြန်မာ့ဘ၀)

၂၀၁၃ ပြက္ခဒိန်

3

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အလှူ့တကာ အလှူအားလုံးတို့တွင် တရားအလှူသည်အမြတ်ဆုံး သူတော်ကောင်းတရား နေရာတိုင်း ထွန်းတောက်ပါစေ....

Wednesday, June 6, 2012

ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် Global Media Forum နှင့် နော်ဝေနိုင်ငံတွင် ပြုလုပ်မည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲများသို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တက်ရောက်မည်


e5102
ဂျာမနီနိုင်ငံတွင်ပြုလုပ်မည့် Global Media Forum နှင့် နော်ဝေ နိုင်ငံတွင်ပြုလုပ်မည့် နိုဗယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲများသို့ ဒါရိုက်တာမင်းထင်ကိုကိုကြီး တက်ရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်များ အတွက် ဇွန်လ ၁၄ ရက်နေ့တွင် စတင်ထွက်ခွာရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။
“ဇွန်လ ၁၄ ရက်နေ့မှာ နိုင်ငံသုံးနိုင်ငံကို ခရီးထွက်ဖို့ရှိပါတယ်။ သုံးနိုင်ငံလုံးက ဖိတ်ကြားလာလို့ပါပဲ။ နော်ဝေနိုင်ငံမှာလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မယ့် နိုဗယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲကို တက်ရောက်မှာဖြစ်သလို ဂျာမနီနိုင်ငံမှာပြုလုပ်မယ့် Global  Media Forum  ကိုလည်း တက်ရောက်ဖြစ်ပါမယ်။ ပိုလန်နိုင်ငံကိုလည်း သွားရောက်ဖို့ စီစဉ်ထားသလို ပိုလန်နိုင်ငံရဲ့ထင်ရှားတဲ့ ဂျာမန်အကျဉ်းထောင် ကိုလည်းသွားရောက် လေ့လာဖို့စီစဉ် ထားပါတယ်။ ခရီးစဉ်အတွက် လိုအပ်တဲ့ အချက်အလက်တွေကိုလည်း ကြိုတင်ပြင်ဆင်ထားပါတယ်” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရှင်းပြခဲ့သည်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် ဇွန်လ ၁၄ ရက်နေ့ တွင်နော်ဝေနိုင်ငံသို့ စတင်ထွက်ခွာမည် ဖြစ်ပြီး နော်ဝေနိုင်ငံတွင် ပြုလုပ်မည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲသို့ ဧည့်သည်အနုပညာရှင်အဖြစ် တက်ရောက်မည်ဟု သိရသည်။ ထို့နောက် ပိုလန်နိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကာ ပိုလန်နိုင်ငံတွင် ရှိသည့် ဂျာမန်အကျဉ်းထောင်သို့ သွားရောက် လေ့လာရန် စီစဉ်ထားသည်ဟုသိရသည်။ ထို့အပြင်ဂျာမနီနိုင်ငံတွင် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ပြုလုပ်မည့် Global Media Forum  တွင် တက်ရောက်မည်ဖြစ်ပြီး မြန်မာင်ငံ၏ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးမှုလက်ရှိ အနေအထား၊ Documentary ၊ shorts ၊ Feature  ရိုက်ကူးမှုအနေ အထားများအား ရှင်းလင်းပြောကြား သွားရန်စီစဉ်ထားသည်ဟု သိရှိရသည်။ ဒါရိုက်တာမင်းထင်ကိုကိုကြီး ၏ နိုင်ငံသုံးနိုင်ငံ ခရီးစဉ်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်ကြာမြင့်မည်ဟု သိရှိရသည်။

0 comments:

Post a Comment

Commemr ပေးသွားခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...
ukok44@gmail.com